တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးနှစ်ဦးအား နုတ်ထွက်ခွင့်ပြု

တိုင်းဒေသကြီးဝန်ကြီးနှစ်ဦးအား နုတ်ထွက်ခွင့်ပြုသော ကြေညာချက်အားတွေ့ရစဉ်(သမ္မတရုံး) Politics, Law & Military

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးနှစ်ဦးအား ရာထူးမှ ယင်းတို့၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီး ဦးဖြိုးဝင်းထွန်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးကြည်လှိုင်တို့ကို မတ် ၁၉ ရက်၌ နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)