23
Tue, Jul
545 New Articles

ရခိုင်ပြည်နယ် မောင်တော မြို့ နယ်၌ ကျပ် ၃၄,၉၀၅ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများအား တွေ့ ရစဉ်(ဓာတ်ပုံ - ရဲဇာနည်) Politics, Law & Military

ရန်ကုန် ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊ မောင်တော မြို့ နယ်ရှိ အငူမော်-မောင်တောသွားကားလမ်းပေါ်၌ ယာဉ်တစ်စီးပေါ်မှ ကျပ် ၃၄,၉၀၅ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်မှု အရ သိရသည်။

ဖြစ်စဉ်မှာ အငူမော်-မောင်တောသွားကားလမ်းပေါ်၌ မတ် ၂၀ ရက်တွင် အငူမော်မှ မောင်တောသို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးအား စစ်ဆေးရာ ယာဉ်ပေါ်ပါလက်ဆွဲအိတ် ၉ အိတ်အတွင်းမှ WY/Rစာတန်းပါစိတ်ကြွဆေးပြား ၁,၇၄၅,၂၅၀ ပြား(၁ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၃၄,၉၀၅ သိန်း)ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ် အပေါ် အင်းဒင်နယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက် ရှိပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)