သင်္ကြန်ကာလအတွင်း လမ်းပိတ်/လမ်းလွှဲနှင့် တစ်လမ်းမောင်းပြုလုပ်ထားမည့် လမ်းများ ထုတ်ပြန်

သင်္ကြန်ကာလအတွင်း လမ်းပိတ်/လမ်းလွှဲပြုလုပ်မည့် ထုတ်ပြန်ချက်အား တွေ့ရစဉ်(ယာဉ်စည်းကမ်း/လမ်းစည်းကမ်း) Politics, Law & Military

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် မြန်မာရိုးရာသင်္ကြန်ကာလအတွင်း သင်္ကြန်ပွဲတော်ကျင်းပမည်ဖြစ်သဖြင့် လမ်းပိတ်/လမ်းလွှဲနှင့် တစ်လမ်းမောင်းပြုလုပ်ထားမည့် လမ်းများကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ယနေ့ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်ကာလဖြစ်သည့် ဧပြီ ၁၃ မှ ၁၆ ရက် နံနက် ၆နာရီမှ ည ၆နာရီထိကို လမ်းလျှောက်သင်္ကြန်ကျင်းပမည့် အင်းယားလမ်းအား တက္ကသိုလ်ရိပ်သာလမ်းမှ ပြည်လမ်းထိလည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဘက်မှ ဆူးလေဘုရားလမ်းဘက်အ၀င်သို့ တစ်လမ်းမောင်း အဖြစ်လည်းကောင်း၊ ကုန်သွယ်လမ်းအား ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်းထိ(လမ်းပိတ်/လွှဲ)၊ လမ်းလျှောက်သင်္ကြန်ကျင်းပမည့် ဗန္ဓုလပန်းခြံလမ်းအား မဟာဗန္ဓုလလမ်းမှ ဘဏ်လမ်းထိ လည်းကောင်း၊ ဦးဥတ္တမပန်းခြံ၊ မြကျွန်းသာနှင့် ကန်တော်ကြီးပန်းခြံတို့တွင် လမ်းလျှောက်သင်္ကြန်ကျင်းပ မည်ဖြစ်သဖြင့် လမ်းပိတ်/လွှဲများ ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)