တိုင်းဒေသကြီး/ပြည်နယ်များတွင် ငါးရက်အတွင်း တရားမ၀င်သစ် တန် ၈၀၀ ကျော်အား ဖမ်းဆီး ရမိ

တရားမ၀င်သစ်များ ဖမ်းဆီးရမိမှု အခြေအနေများအား တွေ့ ရစဉ်(ဓာတ်ပုံ- Forest Department) Politics, Law & Military

ရန်ကုန် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး/ပြည်နယ်များ အတွင်း တရားမ၀င်သစ် တန် ၈၀၀ ကျော်အား ဧပြီ ၁၃ ရက်မှ ၁၇ ရက် အထိ သင်္ကြန်ကာလတွင် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

သင်္ကြန်ကာလတွင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းရှာဖွေဖော်ထုတ် ဖမ်းဆီးရေး အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ကျွန်း/သစ်မာ/အခြား (၈၇၉.၀၈၉၇)တန် ၊ တရားခံ(၂၉)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ အတူ ယာဉ်/ယန္တရား ၁၂ စီး နှင့် ဆိုင်ကယ် ၂ စီးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။(Xinhua)