21
Wed, Aug
526 New Articles

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးချုပ်တို့တွေ့ဆုံစဉ်(MOI) Politics, Law & Military

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

 

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးချုပ် Ms. Ursula Mueller တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် တိုက်ပွဲရှောင်စခန်းများတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အထောက်အပံ့အကူအညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂ၏ လူသားချင်းစာနာမှု ဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးချုပ် Ms. Ursula Mueller နှင့်အဖွဲ့၊ ကမ္ဘာ့ဘဏ်မှ Senior Economist Mr. Dr. Mauro Testaverde နှင့်အဖွဲ့တို့အား မေ ၁၃ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)