27
Thu, Jun
543 New Articles

တရုတ် -မြန်မာ စီးပွားရေး စင်္ကြံရုံး နေပြည်တော်တွင် ဖွင့်လှစ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang နှင့် အဖွဲ့  ရောက်ရှိလာစဉ်။(ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ မေ ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ တရုတ် ကုန်သည်ကြီးများ အသင်း၏ တရုတ် - မြန်မာ စီးပွားရေး စင်္ကြံရုံးကို နေပြည် တော်၊ ဇမ္ဗူသီရိမြို့ နယ်၊ Grand Aster Villa Office Building တွင် ယနေ့  နံနက် စတင်ဖွင့်လှစ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်ထူး နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များ အသင်း(CECCM:_ China Enterprises Chamber of Commerce in Myanmar) ဥက္ကဋ္ဌ Mr. Liu Ying ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူးချုပ် ဦးအောင် ကြည်စိုးနှင့် ACE Group of Companies Senior President ဦးတင့်ဆန်း တို့  တက်ရောက်ခဲ့ကြ သည်။

ဖွင့်ပွဲ အခမ်းအနား၌ ဒုတိယ ၀န်ကြီး ဦးအောင်ထူးက အမှာစကား ပြောကြားရာတွင်  “မြန်မာ - တရုတ် စီးပွားရေး စင်္ကြံ တည်ဆောက်ဖို့  အတွက် နှစ်နိုင်ငံလုံးက အဆင်သင့် ဖြစ်နေပါပြီ၊ တကယ်ဆိုရင် အရှေ့ အလယ်ပိုင်းမှသယ်ဆောင်လာတဲ့ ရေနံ ဓာတ်ငွေ့ တွေ တရုတ်နိုင်ငံကို တိုက်ရိုက် ပို့ ဆောင်လျက်ရှိတဲ့ ကီလိုမီတာ ၁၀၆၀ ရှည်ပြီး ကျောက်ဖြူနဲ့  ကူမင်းကို ချိတ်ဆက်ထားတဲ့ ရေနံ ဓာတ်ငွေ့  ပိုက်လိုင်းဟာ မြန်မာ - တရုတ် စီးပွားရေး စင်္ကြံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်၊ ဒီ စီးပွားရေး စင်္ကြံဟာ နှစ်နိုင်ငံ ပြည်သူတွေအတွက် ရင်းနှီး မြှုပ်နှံမှုနဲ့  စီးပွား ကုန်သွယ်ရေး အခွင့် အလမ်းတွေကို ဖော်ဆောင်ပေး နိုင်မယ်လို့  ကျွန်တော် မျှော်လင့်ပါတယ်၊ အဲဒီလို ဖော်ဆောင်ပေးကြ ဖို့ လည်း နှစ်နိုင်ငံလုံးက ကုမ္ပဏီများကို တိုက်တွန်းအားပေးစား ပြောလိုပါတယ်၊ ဒီနေ့  ဖွင့်လှစ်လိုက် တဲ့ ရုံးအနေနဲ့  နှစ်နိုင်ငံ စီးပွား ဆက်သွယ်မှု လုပ်ငန်းတွေမှာ ပိုမို ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်မယ်လို့  ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်ထူး ရောက်ရှိလာစဉ်။(ဆင်ဟွာ)

မြန်မာနိုင်ငံ တရုတ် လုပ်ငန်းရှင်များအသင်း(CECCM:_ China Enterprises Chamber of Commerce in Myanmar) ဥက္ကဋ္ဌ Mr. Liu Ying အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်ထူး အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

တရုတ် -မြန်မာ စီးပွားရေး စင်္ကြံရုံးအား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်။(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang က “နေပြည်တော် ရုံးခွဲ ဖွင့်လှစ်ခြင်းဟာ မြန်မာ တရုတ်လုပ်ငန်းရှင်များ အသင်းနဲ့ မြန်မာနိုင်ငံ အစိုးရ ဌာနများအကြား ဆက်သွယ်ရေးနဲ့  ပူးပေါင်း ဆောင်ရွက်ရေးတို့ကို မြှင့်တင်ဖို့  အတွက် အကျိုးရှိပါတယ်၊ မြန်မာ တရုတ် လုပ်ငန်းရှင်များအသင်းက တရုတ် - မြန်မာ စီးပွား ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး အတွက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးရဲ့ လုပ်ငန်းများ ဖော်ဆောင်ရေးကို ပိုမိုကောင်းမွန်အောင် ကူညီနိုင်ဖို့ အတွက်လည်း အကျိုးရှိပါတယ်၊ တရုတ် - မြန်မာ နှစ်နိုင်ငံက ရပ်ဝန်းနှင့် ပိုးလမ်းမ Belt and Road နဲ့  တရုတ် - မြန်မာ စီးပွားရေး စင်္ကြံ အတူတကွ တည်ဆောက်မှုမှာ တရုတ် ကုမ္ပဏီများ ပိုမို ကောင်းမွန်အောင် ပါဝင်ဖို့  အတွက်လည်း အကျိုးရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက “စီးပွားရေး စင်္ကြံ ရုံးခန်း ဖွင့်လှစ်နိုင်ခြင်းဟာ နှစ်နိုင်ငံမှ လုပ်ငန်းရှင်များ စီးပွား ရေး လုပ်ကိုင်ရာမှာ ပွင့်လင်း မြင်သာစွာ နဲ့  အဆင်ပြေချောမွေ့ စွာ ဆောင်ရွက်လာနိုင်မှာ ဖြစ်သလို ၀န်ကြီးဌာနများမှ တာဝန်၇ှိသူများနဲ့ လည်း နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ နှစ်နိုင်ငံ ပြည်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်၊ China – Myanmar Economic Corridor Project မှ တစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့် ဆောင်၇ွက်နိုင်ရေးအတွက် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင် များ အသင်းချုပ် အောက်မှာ (MCBA:_ Myanmar – China Business Association) ကို ဖွဲ့ စည်း ထားပြီး လိုအပ် သည်များ ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တရုတ် လုပ်ငန်းရှင်များအသင်း(CECCM:_ China Enterprises Chamber of Commerce in Myanmar) ဥက္ကဋ္ဌ Mr. Liu Ying ကလည်း “တရုတ် မြန်မာ စီးပွားရေး စင်္ကြံ ရုံးခန်း ဖွင့်လှစ်ပြီးနောက်မှာ မြန်မာနိုင်ငံ လုပ်ငန်းများ လက်ရှိအခြေအနေနဲ့  တရုတ်နိုင်ငံ လုပ်ငန်းများရဲ့ အားသာချက်ကို ပေါင်းစပ်ပြီး နှစ်နိုင်ငံ စီးပွားဖွံ့ ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှုရဲ့ ကွင်းဆက်ကို သိနားလည်အောင် ရှာဖွေကြရပါမယ်၊ နှစ်နိုင်ငံ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှု အဆင့်မြင့် ဖွံ့ ဖြိုး တိုးတက်ရေးကို တွန်းအားပေးရပါမယ်၊ ဒီရုံးခန်းကနေ စီးပွားရေးစင်္ကြံ ရဲ့ လုပ်ငန်း စီမံကိန်းတွေကို လက်တွေ့  အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဆောင်ရွက်ပေးနိုင်လာမှာ ဖြစ်ပါတယ်” ဟု ပြော ကြားခဲ့သည်။

ထို့ နောက် အခမ်းအနားကို မင်္ဂလာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ China Myanmar Economic Corridor Office ကို ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။(Xinhua)