21
Sat, Sep
541 New Articles

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးတွင် မိုင်းအတုနှင့် အစစ်မှားယွင်းအသုံးပြုမိကာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၈ ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးဆိုင်းဘုတ်အားတွေ့ရစဉ်(အင်တာနက်) Politics, Law & Military

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးတွင် ယနေ့ နံနက်ပိုင်း၌ မိုင်းရှာဖွေရှင်းလင်းရေး သင်တန်း၌ မိုင်းအတုနှင့် အစစ်မှားယွင်းအသုံးပြုမိကာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

“၈ ဦးဒဏ်ရာရတယ်၊ အပြင်းအထန်တော့မဟုတ်ပါဘူး၊ မစိုးရိမ်ရပါဘူး၊ ခု ဆေးရုံပို့ထားပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးအတွင်း ဖွင့်လှစ်ထားသော မိုင်းအမျိုးအစားအမျိုးမျိုးနှင့် ရှာဖွေရှင်းလင်းခြင်း(ဆင့်ပွား)သင်တန်းတွင် မိုင်းနှင့် ပတ်သက်ပြီး သရုပ်ပြသင်ကြား လေ့ကျင့်စဉ် အသုံးပြုရမည့် မိုင်းအတုနေရာတွင် မိုင်းအစစ်မှားယွင်း သုံးစွဲမိသဖြင့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူများကို မန္တလေး အထွေထွေရောဂါကုဆေးရုံ

ကြီးသို့ တင်ပို့ကုသလျက်ရှိကြောင်း သိရသည်။(Xinhua)