20
Wed, Nov
474 New Articles

ဧရာဝတီမြစ် ရေရှည် တည်တံ့ရေး ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆက်လက်ဆောင်ရွက်မည်

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း မေးမြန်းနေစဉ်။ Politics, Law & Military

နေပြည်တော်၊ မေ ၂၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သည့် ဧရာဝတီမြစ်ကြီး ရေရှည် တည်တံ့စေရန်အတွက် ကမ္ဘာ့ဘဏ် အထောက်အပံ့ဖြင့် ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးကျော်မျိုးက အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်း (Ayeyarwady Integrated River Basin Management (AIRBM) Project) ကို ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ငါးနှစ် စီမံကိန်းအဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တို ဘာလမှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လေးနှစ် အတွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် စီမံကိန်းကာလ ပြီးဆုံးမည်ဖြစ်ပါ တယ်၊ ဧရာဝတီမြစ်ကို ရေရှည်တည်တံ့စေဖို့ ကမ္ဘာ့ဘဏ်၏ အထောက်အပံ့ဖြင့် ထိန်းသိမ်းသွားရန် အတွက် စီမံကိန်း နောက်အဆင့်များ ဆောင်ရွက်သွားပါမယ်၊

“တခြားနိုင်ငံများ၊ အဖွဲ့အစည်းများရဲ့ အကူအညီဖြင့် ဆောင်ရွက်နိုင်ရေး တင်ပြညှိနှိုင်း ဆောင်ရွက် နိုင်မယ့် မြစ်ကြောင်းဖွံ့ဖြိုးရေး ၊ သဲနုန်း ပို့ချမှု လေ့လာရေး ၊ ရေအရည်အသွေး လေ့လာ ဆန်းစစ်ခြင်း စတဲ့ လုပ်ငန်းများကိုလည်း အခွင့်ရတဲ့ အခါများတွင် လေ့လာသွားပါမယ်၊ ဧရာဝတီမြစ်ဝှမ်း ဘက်စုံ စီမံခန့်ခွဲမှုစီမံကိန်းမှ ရရှိတဲ့ မြစ်ဝှမ်းဒေသ ပင်မ စီမံချက် (Basin Master Plan) အရ ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များကိုလည်း ဆက်လက် ဆောင်ရွက်ခြင်းဖြင့် ဆက်လက်ထိန်းသိမ်းသွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်” ဟု ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိမ်း ၏ အမေးကို ပြန်လည် ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးကျော်မျိုး ဖြေကြားစဉ်။

ဧရာဝတီမြစ်ကို ပြုပြင်နိုင်ရန်အတွက် ဆယ်စုနှစ် နှစ်ခုခန့် အချိန်ယူရမည် ဖြစ်သောကြောင့် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှု (Integrated Water Resources Management - IWRM) ရေးဆွဲဆောင်ရွက်ရန် အရေးတကြီး လိုအပ်လာခဲ့ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည် ဖော်သည့် အဖွဲ့ အစည်း အဖြစ် ဆောင်ရွက်၍ စီမံကိန်း၌ ရာသီဥတု၏ ပြောင်းလဲခြင်း အကျိုးဆက်ကို ခံနိုင်ရည်ရှိရန် ဘက်စုံ စီမံခန့်ခွဲမှုကို အားဖြည့်ပေးရေး ၊ ဧရာဝတီမြစ်ဝှမ်းနှင့် အမျိုးသား ရေအရင်း အမြစ် ဖွံ့ဖြိုး တိုးတက်စေရေး၊ မြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲမှု ဆောင်ရွက်ရန် လိုအပ်သော အဖွဲ့အစည်း နှင့် အထောက်အကူပြု ကိရိယာများ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ရေကြောင်းသွားလာမှု မိုးလေဝသ ဆိုင်ရာ အသိပေး ဂရုပြုမှုနှင့် အကြံပြုချက်များ တိုးတက်စေခြင်းဖြင့် နှီးနွယ်ရာ အသက်မွေး ဝမ်းကျောင်းများတွင် ကောင်းကျိုးသက်ရောက်မှုများ ရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းကို လုပ်ငန်း Component သုံးပိုင်း ဖြင့် အကောင်အထည်ဖေါ်လျက် ရှိပြီး Component 1 တွင် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု အဖွဲ့ အစည်းများနှင့် အထောက် အကူပြုစနစ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ Component 2 တွင် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ စောင့်ကြည့်အကဲခတ်ခြင်းနှင့် သတင်းအချက်အလက် စနစ်များ ခေတ်မီစေခြင်း နှင့် Component 3 တွင် ဧရာဝတီမြစ်အတွင်း ရေကြောင်းသွားလာမှု မြှင့်တင်ခြင်း စသည့် လုပ်ငန်းစဉ်များ ပါဝင်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။(Xinhua)