11
Wed, Dec
485 New Articles

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ငွေကျပ်သိန်းပေါင်း ၅,၆၅၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့) Politics, Law & Military

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ငွေကျပ်သိန်းပေါင်း ၅,၆၅၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၃ ရက်၊ ၁၃း၄၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မောင်တောမြို့၊ ရွာသစ်ကေရပ် ကွက်နေ ဒေါ်ဟာဘေတာခါတူ ၆၅ နှစ်နှင့် သားဖြစ်သူ ဆော်လိမ် တို့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဒေါ်ဟာဘေတာခါတူ အားတွေ့ရှိပြီး နေအိမ်ရေချိုးခန်းအတွင်းနှင့် နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် မော်တော်ယာဉ်အတွင်း သိုဝှက်ထည့်သွင်းထားသော ဖယောင်းစက္ကူများဖြင့် ပတ်ထုပ်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၂၈၂၇၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၆၅၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မောင်တောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)