13
Fri, Dec
500 New Articles

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အား တွေ့ ရစဉ်(ဓာတ်ပုံ - MOFA) Politics, Law & Military

ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက် ခြင်း ခံရသော ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာ ကို ရွေးချယ်ခဲ့ကြောင်း ထိုင်းအမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Chuan Leekpai က ဇွန် ၅ ရက် နောင်းပိုင်းတွင် ကြေညာခဲ့ကြောင်း သိရသည်။(Xinhua)