06
Fri, Dec
477 New Articles

မောင်တောမြို့နယ်တွင် ငွေကျပ် ၇,၉၉၁ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မောင်တောမြို့၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(CCDAC) Politics, Law & Military

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် (ဒု)ချီးရားတန်းကျေးရွာအုပ်စု၊ ခရေမြိုင်ကျေးရွာအနီး၊ မောင်တော-အငူမော်သွားကားလမ်းမဘေးရှိ ARG စိုက်ပျိုးရေးခြံအဆောက်အဦကို ဝင်ရောက်ရှာဖွေရာတွင် ငွေကျပ် ၇,၉၉၁ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ARG စိုက်ပျိုးရေးခြံအဆောက်အဦကို ဇွန် ၉ ရက်၌ ဝင်ရောက်ရှာဖွေရာ စက်ပစ္စည်းများထားသည့် နေရာအနီးရှိ UPG ဆေးပုံးခွံ ၆ ပုံး အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၉,၅၅၀ ပြား၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်အရ သိမ်းဆည်းရမိသည့်မူးယစ်ဆေးဝါးများကို လာရောက် ပို့ဆောင်သူနှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)