အင်းယားကန်ဘောင်တွင် တွေ့ရှိသော လက်ပစ်ဗုံးအား စစ်ဆေးရာ လက်ပစ်ဗုံးပုံစံ မီးခြစ်ဖြစ်နေဟုဆို

အင်းယားကန်ဘောင်တွင် တွေ့ရှိသော လက်ပစ်ဗုံးဟု ယူဆသော ဗုံးအား ရှင်းလင်းနေစဉ်(ရဲတပ်ဖွဲ့) Politics, Law & Military

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက် အင်းယားကန်ဘောင်တွင် ယနေ့ နေ့လည် ၂နာရီ ၅မိနစ်အချိန်က လက်ပစ်ဗုံးပုံစံအရာ ဝတ္ထုတစ်ခုအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးပုံစံ မီးခြစ်ဖြစ်နေသည်ကို တွေ့ရကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဟန်က ဆင်ဟွာသို့ပြောကြားသည်။

“ စတွေ့တော့ ဗုံးလို့ သံသယရှိပြီး စစ်ဆေးလိုက်တဲ့အခါမှာ မီးခြစ်ဖြစ်နေပါတယ်” ၎င်းက အတည်ပြုပြောကြားခဲ့သည်။

အင်းယားကန်ဘောင် မြက်ခင်းပြင်လှေခါးအဆင်းတွင် လက်ပစ်ဗုံးဟု ယူဆရသော ဗုံးတစ်လုံးအား စည်ပင်ဝန်ထမ်းတစ်ဦး စတင်တွေ့ရှိခဲ့ကြောင်း၊ ယင်း လက်ပစ်ဗုံးအား အမှတ်(၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ နေ့လည် ၂နာရီ ၂၀မိနစ်အချိန်တွင် စစ်ဆေး သယ်ဆောင်သွားကြောင်း သိရသည်။

အင်းယားကန်ဘောင်တွင် တွေ့ရှိသော လက်ပစ်ဗုံးဟု ယူဆသော ဗုံးအား ရှင်းလင်းနေစဉ်(ရဲတပ်ဖွဲ့)

အင်းယားကန်ဘောင်တွင် တွေ့ရှိသော လက်ပစ်ဗုံးဟု ယူဆသော ဗုံးအား ရှင်းလင်းနေစဉ်(ရဲတပ်ဖွဲ့)

လက်ရှိ အင်းယားကန်ဘောင်တစ်လျှောက် အများပြည်သူ ထိတ်လန့်မှုမရှိစေရန် မိုင်းရှင်းလင်းရေးများ ဆောင်ရွက်နေကြောင်း သိရသည်။(Xinhua)