09
Mon, Dec
484 New Articles

မဲခေါင်ဒေသ မြေယာအခြေအနေဆိုင်ရာ စာအုပ် မိတ်ဆက်ပွဲကျင်းပ

MRLG (Mekong Region Land Governance) Team Leader Mr. John Meadows အမှာစကား ပြောကြားစဥ။် (ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် မဲခေါင်ဒေသ ငါးနိုင်ငံတို့၏ မြေယာ လုပ်ပိုင်ခွင့် ဆိုင်ရာ အကြောင်းအရာများကို လေ့လာ ဆန်းစစ်ထားသည့် “State of Land in the Mekong Region” စာအုပ် စတင် မိတ်ဆက်ပွဲကို နေပြည်တော် Grand Amara Hotel ၌ ယနေ့ ပြုလုပ်ခဲ့ရာ MRLG(Mekong Region Land Governance) Team Leader John Meadows နှင့် အမျိုးသား လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင် ကြည်ညွန့်တို့တက်ရောက်ပြီး အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ဦးအောင်ကြည်ညွန့်က “ဒီစာအုပ်ဟာ မဲခေါင်ဒေသတွင်း ငါးနိုင်ငံရဲ့ မြေယာ အသုံးချမှုအနေအထားနဲ့ လူမှုစီးပွား အခြေအနေတွေကို စနစ်တကျ သုတေသန လုပ်ပြီး ဖော်ပြထားတာဖြစ်လို့ အလွန် အသုံးတည့်တဲ့ စာအုပ်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ စာအုပ်တွင် မဲခေါင်ဒေသရှိ မျိုးရိုးစဉ်ဆက် လယ်ယာ လုပ်ကိုင်ခဲ့သူ တောင်သူများအတွက် တန်းတူညီမျှပြီး လုံခြုံမှု ရှီသော မြေယာနှင့် သဘာ၀ သယံဇာတ လုပ်ပိုင်ခွင့် ရရှိရေး အပါအဝင် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အကြီးစား မြေယာ သိမ်းဆည်းမှုများ၊ ယခင်နှင့် လက်ရှိ လုပ်ငန်းစဉ်များအား ပြန်လည် သုံးသပ်ခြင်း၊ အကြီးစား စက်မှု စိုက်ပျိုးရေး၏ လုပ်ကိုင်ခွင့် လက်ရှိ အခြေအနေ၊ မြေယာ ပဋိပက္ခများနှင့် အသေးစား လယ်သမားများ၏ တောင်းဆိုမှုများ၊ အကြံပြုချက်နှင့် ရှေ့ဆက် လုပ်ဆာင်ရမည့် လမ်းစဉ် စသည်တို့ကို အကြောင်းအရာအလိုက် လေ့လာ ဆန်းစစ်မှုများ၊ အကြံပြုချက်များ ဖော်ပြထားသည်။

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

မဲခေါင်ဒေသ မြေယာအခြေအနေဆိုင်ရာ စာအုပ် အယ်ဒီတာ Mr. Jean-Christophe Diepart ရှင်းလင်းတင်ပြစဉ်။(ဆင်ဟွာ)

မဲခေါင်ဒေသ မြေယာအခြေအနေဆိုင်ရာ စာအုပ် မိတ်ဆက်ပွဲအခမ်းအနား ကျင်းပနေစဉ်။(ဆင်ဟွာ)

“State of Land in the Mekong Region” စာအုပ် အဖုံးပုံ။

ထိုစာအုပ်ကို စီစဉ်သည့် မဲခေါင် မြေယာ အုပ်ချုပ်မှု စီမံကိန်း (MRLG:_ Mekong Region Land Governance) သည် မဲခေါင်ဒေသအတွင်း သင့်လျော်သော မြေယာ မူဝါဒများနှင့် အလေ့အကျင့်များ ဖြစ်ပေါ်လာရေး၊ အမျိုးသား အဆင့် ဦးစားပေးမှုများ ဖြစ်သည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ မြေယာ လုပ်ပိုင်ခွင့် ခိုင်မာရေး၊ စီးပွား ပိုမို ဖွံ့ဖြိုး တိုးတက်ရေးနှင့် မျိုးရိုးစဉ်ဆက် လယ်ယာလုပ်ကိုင်ခဲ့သော တောင်သူများအား အကူအညီပေးရေး တို့ကို ဆောင်ရွက်လျက်ရှိပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့တွင် ၂၀၁၄ ဧပြီမှ စ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MRGL ကို ဆွစ်ဇာလန် ဖွံဖြိုးရေးနှင့် ပူးပေါင်း လုပ်ဆောင်ရေး အေဂျင်စီ(SDC) ၊ ဖွံ့ဖြိုးရေးနှင့် စီးပွား ပူးပေါင်း ဆောင်ရွက်မှုအတွက် ဂျာမန်ဖက်ဒရယ် ဝန်ကြီးဌာန(BMZ)နှင့် လူဇင်ဘတ်နိုင်ငံ တို့မှ ငွေကြေး အကူအညီ ထောက်ပံ့မှု ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။(Xinhua)