15
Fri, Nov
482 New Articles

ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် ငွေကျပ် ၃,၃၈၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

သက်သေခံပစ္စည်းများ နှင့် အတူဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ် နှင်းရေးရဲတပ်ဖွဲ့) Politics, Law & Military

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် ငွေကျပ် ၃,၃၈၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွ့ဲက ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၉ ရက်၊၂၀းဝဝ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့အဝင်၊ ခေးနင်းအိုရီယမ်တယ်တိုးဂိတ်အနီးတွင် လားရှိုးမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ နတ်ရေကန်ကျေးရွာနေ တေဇာထွန်း ၃၉ နှစ်မောင်းနှင်ပြီး မုံရွာမြို့၊ နယ်မြေ(၆)၊ မြဝတီရပ်နေ ရဲထွဋ် ၂၈ နှစ် နှင့် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာနေ ထွေးကိုကို ၂၃ နှစ်တို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၁၆.၉၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၃၈၈ သိန်း)၊ မြန်မာငွေ ၂.၈ သိန်းနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နောင်မွန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။ (Xinhua)