11
Wed, Dec
495 New Articles

(၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် သမ္မတ တက်ရောက် ဂါရဝပြု

(၇၂)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားအားရန်ကုန်မြို့ အာဇာနည် ဗိမာန်၌ ကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ) Politics, Law & Military

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ ဂါရဝပြု လွမ်းသူ ပန်းခွေချခဲ့ကြောင်း သိရသည်။

(၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန်၌ ယနေ့ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တက်ရောက် ဂါရဝပြု လွမ်းသူ ပန်းခွေ ချခဲ့ကြသည်။

(၇၂)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားအားရန်ကုန်မြို့ အာဇာနည် ဗိမာန်၌ ကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ)

(၇၂)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားအားရန်ကုန်မြို့ အာဇာနည် ဗိမာန်၌ ကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ)

(၇၂)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားအားရန်ကုန်မြို့ အာဇာနည် ဗိမာန်၌ ကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ)

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တိုင်ဝက်သို့လျှော့ချ လွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက် အလေးပြုခြင်း ၊ စစ်ခရာအဖွဲ့က ကျဆုံး ရဲဘော် အလေးပြု ခရာမှုတ်ကာ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ နှစ်မိနစ် ငြိမ်သက်စွာဖြင့် မေတ္တာပို့သ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယနေ့ မွန်းတည့် ၁၂ နာရီ မှ ညနေ ၅ နာရီအထိ အာဇာနည်ဗိမာန်သို့ အများ ပြည်သူ လာရောက် ဂါရဝပြုနိုင်ရန် ဖွင့်လှစ်ထား မည်ဖြစ်ကြောင်း သိရသည်။(Xinhua)