20
Tue, Aug
533 New Articles

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ နှင့် ဒုတိယ တပ်ချုပ် တို့ က အာဇာနည်များအား ရည်မှန်းပြီး ဆွမ်းကပ်လှူ

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ နှင့် ဒုတိယ တပ်ချုပ်တို့ အာဇာနည်များအား ရည်မှန်းပြီး ဆွမ်းကပ်လှူဒါန်းပွဲအားတွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

(၇၂)ကြိမ်မြောက် အာဇာနည်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီး များအား ရည်မှန်းလျက် သံဃာတော်များအား ဆွမ်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွှန့် နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်းတို့က ဦးစီး ဆောင်ရွက်ခဲ့ကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ နှင့် ဒုတိယ တပ်ချုပ်တို့ အာဇာနည်များအား ရည်မှန်းပြီး ဆွမ်းကပ်လှူဒါန်းပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ပျဉ်းမနားမြို့  မင်္ဂလာ ရှမ်းကန်ရှိ ဗိုလ်ချုပ် ကြေးရုပ်အား ဒေသခံ ပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသားများ ချီတက် အလေးပြုကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နေပြည်တော် ကောင်စီရုံးဝင်းအတွင်းရှိ ဇမ္ဗူသီရိ ခန်းမဆောင်တွင် ယနေ့ နံနက် ၁၀း ၀၀ နာရီ၌ ပြုလုပ်ခဲ့သော အဆိုပါ လှူဒါန်းပွဲ သို့  နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် ဇနီး အပါအ၀င် ဒုတိယ ၀န်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု အစိုးရ အရာရှိကြီးများနှင့် ဇနီးများ တက်ရောက်ခဲ့ ကြကာ သံဃာတော် များ ထံမှ သီလခံယူ ဆောက်တည်ကြလျက် လှူဖွယ် ပစ္စည်းများ၊ ဆွမ်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ (Xinhua)