22
Tue, Oct
570 New Articles

ရှမ်းပြည်နယ် သိန္နီမြို့နယ်၌ Ethyl Acetate Auto Col အရည် ၁၀,၂၀၀ လီတာနှင့် Sodium Zirconate အရည် ၁,၃၅၀ လီတာ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့်သူတို့ နှင့်အတူ သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန) Politics, Law & Military

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် သိန္နီမြို့နယ်၌ Ethyl Acetate Auto Col အရည် ၁၀,၂၀၀ လီတာနှင့် Sodium Zirconate အရည် ၁,၃၅၀ လီတာ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၂၁း၀၀ နာရီ အချိန် သိန္နီမြို့မရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်၌ မူဆယ်ဘက်မှ လားရှိုး ဘက်သို့ ကျော်စံဝင်း(၂၅)နှစ် မောင်းနှင်ပြီး ခင်မောင်လတ်(၄၂)နှစ် လိုက်ပါလာသည့် MDY 6G/×××× Nissan ၁၂ ဘီးယာဉ်အား စစ်ဆေးရာ ဓာတုဆေးရည် Ethyl Acetate Auto Col အရည် သံပေပါ ၆၈ လုံးရှိ ၁၀၂၀၀ လီတာ(၁ ပေပါလျှင် ၁၅၀ လီတာခန့်စီပါ)နှင့် Sodium Zirconate အရည် ကော်ပေပါ ၉ လုံးရှိ ၁၃၅၀ လီတာ(၁ ပေပါလျှင် ၁၅၀ လီတာခန့်)တို့အား ဖမ်းဆီး ရမိခဲ့သဖြင့်ကျော်စံဝင်းပါ ၂ ဦး(ဖမ်းမိ)အား သိန္နီမြို့မရဲစခန်း(ပ)၁၁၃/၂၀၁၉၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၃၇/၃၈ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)