29
Wed, Jan
436 New Articles

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ ဟိုက်ဒြိုကလိုရစ်အက်စစ် ၁၆,၂၀၀ လီတာ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် ဟိုက်ဒြိုကလိုရစ်အက်စစ် ၁၆,၂၀၀ လီတာ သယ်ဆောင်လာသည့်ကားနှင့် သက်သံခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန) Politics, Law & Military

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ ဟိုက်ဒြိုကလိုရစ်အက်စစ် ၁၆,၂၀၀ လီတာ သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် ၁၇:၃၀နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ ဦးစီးသည့်ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ် ခြေမြစ်ဝင်ကျေးရွာအနီး မန္တလေး-နောင်ချိုကားလမ်း မိုင်တိုင်(၅၅/၆-၇)ကြားရှိ “ရွှေခဲ”စက်သုံးဆီဆိုင်အနီး၌ ရပ်တန့် ထားသော 1M/×××× Faw Tractor Head ၁၈ ဘီး ယာဉ်အား မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးရှာဖွေရာ ယာဉ်မောင်းအား မတွေ့ရှိဘဲ ယာဉ်ခေါင်းခန်းအတွင်းမှ သီဟအောင် အမည်ပါ မှတ်ပုံတင် ၁ ခုနှင့် ယာဉ်ပေါ်ရှိ သံပေပါ ၅၄ လုံးနှင့် ပလပ်စတစ်ပေပါ ၅၄ လုံးအတွင်းတို့မှ ဟိုက်ဒရို ကလိုရစ်အက်စစ် ၁၆,၂၀၀ လီတာအား သိမ်းဆည်းရမိခဲ့သဖြင့် သီဟအောင်(ခ) ကုလားကြီး (၃၂)နှစ်နှင့် ပိုင်ရှင်(စိစစ်ဆဲ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)