21
Tue, Jan
461 New Articles

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်မရှိ ဆောက်လုပ်ထားသည့် အဆောက်အအုံများကို စစ်ဆေးအရေးယူ

ရန်ကုန်မြို့ရှိ တရားဝင် ခွင့်ပြုချက်ဖြင့်ဆောက်သော အဆောင်အဦးပုံစံတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI) Politics, Law & Military

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြု ချက်မရှိ ဆောက်လုပ်ထားသည့် အဆောက်အအုံများကို စစ်ဆေး အရေးယူလျက်ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ကော်မတီမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက စစ်ဆေး အရေးယူမှုများ ဆောင်ရွက်ရာတွင် မြေပိုင်ဆိုင်မှု၊ အဆောက်အအုံ ပိုင်ဆိုင်မှုမခိုင်မာသည့် ပြဿနာများ ကို တရားဝင်ခိုင်မာမှုများ ရရှိစေရန် အတွက် ကြိုတင်ဆောက်လုပ်သည့် အဆောက်အအုံများကို သတ်မှတ် ထားသည့် ဒဏ်ကြေးပေးသွင်းစေပြီး ဆက်လက် ခွင့်ပြုပေးသော်လည်း ကျော်လွန်ဆောက်လုပ်သည်များကိုမူ ခွင့်မပြုကြောင်း သိရသည်။

 

ထို့ပြင် တိုင်စာများမှတစ်ဆင့် လိုက်လံစစ်ဆေးရာတွင် မြေပိုင်ဆိုင်မှု မှန်ကန်ပါက သတ်မှတ်ထားသည့် ဒဏ်ကြေးပေးသွင်းကာ ဆက်လက် ခွင့်ပြုပေးကြောင်း၊ လက်ရှိ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ခွင့်ပြုချက် မရှိဆောက်လုပ်ထားသည့် အဆောက် အအုံများမှာလည်း နည်းလာကြောင်း သိရသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဝန်ထမ်းများကလည်း အခကြေးငွေရယူကာ ဆောက်လုပ်ခွင့် ပြုထားလျှင် ၎င်းဝန်ထမ်းများကို တိတိကျကျဖော်ပြ၍ တိုင်ကြားလာ ပါက ဝန်ထမ်းစည်းမျဉ်း စည်းကမ်း အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အဆောက်အအုံ ဆောက်လုပ် သည့်ပုဂ္ဂိုလ် အနေဖြင့်လည်း ဆောက်လုပ်ခွင့် တင်ပြီးမှသာ ဆောက်လုပ်ရမည်ဖြစ်ပြီး အကြောင်း ကြောင်းကြောင့် မတင်ဖြစ်ပါက သတ်မှတ်ထားသည့် ဒဏ်ကြေး ပေးသွင်းစေကာ ဆက်လက်ခွင့်ပြု ပေးနေကြောင်းလက်ရှိ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့်လည်း အဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိရေးနှင့် ပတ်သက် ၍ ပြည်သူလူထုဝန်ထုပ်ဝန်ပိုး မဖြစ် စေရန် လုပ်ငန်းစဉ်များကို လျှော့ချ ဆောင်ရွက်ပေးနေကြောင်း၊ လူနေ အိမ်ဆောက်လုပ်ခွင့် တင်ပြလာပါက မြေပိုင်ဆိုင်မှု မှန်ကန်လျှင် တစ်ပတ် အတွင်း အမြန်ဆုံးဆောင်ရွက်ပေး လျက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာ တွင်ပါရှိသည်။  (Xinhua)