20
Thu, Jul
739 New Articles

နေပြည်တော်တွင် ပထမဆုံး ကျောက်မျက်ရတနာသင်တန်းကျောင်း ဖွင့်လှစ်

နေပြည်တော်၏ ပထမဆုံး ကျောက်မျက်သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်း အဖွင့် မိန့် ခွန်း ပြောနေစဉ် (ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ ဇန်န၀ါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာ အချောထည်ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကျောက်မျက်ရတနာများ ကို တန်ဖိုးမြင့် အချောထည်များ အဖြစ် ထုတ်လုပ် ပို့ ဆောင်နိုင်ရန် သစ်တော၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနသည် နေပြည်တော် ဒက္ခိဏသီရိမြို့ နယ် ရွှေကြာပင် ကျောက်မျက် ရတနာ ဈေးအတွင်း၌ ကျောက်မျက်ရတနာ အချောထည် သင်တန်းကျောင်းကို နေပြည်တော်၏ ပထမဆုံး သော ကျောက်မျက် သင်တန်းကျောင်းအဖြစ် ယနေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ထိုကျောင်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး သစ်တော၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်းက “တူးဖော်ရရှိလာတဲ့ သယံဇာတတွေကို အရင်ကလို ကုန်ကြမ်း တင်ပို့ ခြင်းထက် တန်ဖိုးမြင့် အချောထည်များ ထုတ်လုပ် ပို့ ဆောင်ခြင်းဟာ နိုင်ငံအတွက် ၀င်ငွေခွန် ပိုမိုရရှိ လာမှာ ဖြစ်သလို အလုပ်အကိုင် အခွင့် အလမ်းတွေလည်း ပိုမို ရရှိလာစေမှာဖြစ်ပါတယ်၊ ဥပဒေအသစ် ပြင်ဆင် ရေးဆွဲရာမှာလည်း ကျောက်မျက်ဆိုင်ရာ သင်တန်းတွေ ဖွင့်ဖို့ ပါဝင်ပါတယ်၊ ဒီသင်တန်းဖွင့်ခြင်းဟာ သမိုင်းရဲ့ တောင်းဆိုမှု၊ ခေတ်ရေးစီးကြောင်း ပြောင်းရွှေ့ မှုရဲ့ အနှစ်သာရ တစ်ခု ဖြစ်ပါတယ်” ဟု အဖွင့် မိန့် ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 နေပြည်တော်၏ ပထမဆုံး ကျောက်မျက်သင်တန်း ဖွင့်ပွဲကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၏ ပထမဆုံး ကျောက်မျက်သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌဦးရုံးမူ မိန့် ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၏ ပထမဆုံး ကျောက်မျက်သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် သင်တန်းသားများ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

အဆိုပါ သင်တန်းကျောင်းတွင် အဓိက ဘာသာရပ်များ အဖြစ် ကျောက်မျက်ရတနာ အချောထည် လက်ဝတ် ရတနာများ ပြုလုပ်သည့် ကွန်ပျူတာ ပန်းပု၊ လက်ပန်းပု၊ စက်ပန်းတိမ်၊ လက်ပန်းတိမ်၊ ကျောက်စိမ်း ဖြတ် - သွေး - အရောင်တင် စသည်တို့ ကို သင်ကြားပို့ ချရုံသာမက အခြေခံ အင်္ဂလိပ် စကားပြော၊ တရုတ် စကား ပြော၊ ပန်းချီ၊ ဒီဇိုင်း အခြေခံ၊ ကွန်ပျူတာ အခြေခံ စသည့် ပညာရပ်များကို သင်ကြားပေးမည် ဖြစ်ကြောင်း၊ နိုင်ငံသား အခြေခံ လူတန်းစားများ အသက်မွေးမှု အတတ်ပညာများ ဆင့်ပွား ရရှိစေဖို့ ၊ အသေးစား လုပ်ငန်း ရှင်များမှတစ်ဆင့် လုပ်ငန်းရှင်ကြီးများ ဖြစ်ပေါ်လာဖို့ ၊ ကျောက်မျက် ရတနာ နည်းပညာ ထိပ်တန်း နိငင်ငံတစ်ခု ဖြစ်လာဖို့ ၊ တန်ဖိုးမြင့် အချောထည်များ ထုတ်လုပ်မှုမှတစ်ဆင့် နိုင်ငံတော် အခွန် ဘဏ္ဍာများ တိုးပွား ရရှိစေဖို့  အတွက် တာဝန်ရှိသူ အားလုံးက ဝိုင်းဝန်း ပံ့ပိုးကြရန်နှင့် သင်တန်းသားများကလည်း စည်းကမ်းလိုက်နာပြီး အရည်အသွေး ပြည့်ဝသူများ ဖြစ်အောင် ရိုးရိုးသားသားဖြင့် ကြိုးစားကြဖို့ ကိုလည်း ပြည်ထောင်စု ၀န်ကြီးက တိုက်တွန်း ပြောကြားခဲ့သည်။

ယနေ့  ဖွင့်လှစ်လိုက်သည့် သင်တန်းကျောင်းတွင် သင်တန်းသား ဦးရေ နှစ်ရာ တက်ရောက်ကြမည်ဖြစ်ပြီး ဘာသာရပ် ၁၀ မျိုးကို ခြောက်လ သင်ကြားပေးမည် ဖြစ်ကြောင်း၊ သင်တန်းကြေး၊ နေစရိတ်၊ စားစရိတ် အားလုံး အခမဲ့ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက ပြော သည်။ 

“ဒီသင်တန်းကျောင်းကို ငွေကျပ် သိန်းပေါင်း ၂၄၄၉၃ သိန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပါတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ ကျောက်မျက် ကုန်ကြမ်း လုံလောက်စွာ ရှိသော်လည်း ကုန်ချော ဈေးကွက် ဖွံ့ ဖြိုးမှု အားနည်းနေတာကို အထောက်အကူ ဖြစ်စေဖို့ နဲ့  ခေတ်မီ ကျောက်စိမ်း ပန်းပုပညာရှင်တွေ ပေါ်ထွက်လာပြီး နိုင်ငံတော်နဲ့အများ ပြည်သူ ကို အကျိုး ပြုနိုင်ဖို့  ဒီကျောင်းကို တည်ဆောက်ခဲ့တာပါ” ဟု ၎င်းက ရှင်းပြခဲ့ သည်။

မြေဧရိယာ ၂၂၅ ဧက ကျယ်ဝန်းသည့် ရွှေကြာပင် ကျောက်မျက်ရတနာ ဈေးကွက်အတွင်း မြေကွက်ပေါင်း ၁၂၂ ကွက်ဖြင့် ကျောက်မျက် ကုမ္ပဏီ ရုံးခန်းများ၊ ပြခန်းများ တည်ဆောက်ခဲ့ရာ ယခုအခါ ၈၂ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီး ကျေက်မျက် ရတနာ သင်တန်းကျောင်းကိုပါ ဖွင့်လှစ်နိုင်ပြီဖြစ်ရာ အဆိုပါ သင်တန်းကျောင်း ရေရှည် ရပ်တည်နိုင်ရေးအတွက် ကျောက်မျက် ရတနာ ပြပွဲ ဗဟို ကော်မတီ ရန်ပုံငွေမှ သင့်တင့်သော ပမာဏကို ခွင့်ပြုချထားပေးဖို့ လိုအပ်ကြောင်းနှင့် Gems Trading Company  ရုံး အမြန်ဆုံး ဖွင့်လှစ်ပေးဖို့ လိုအပ်နေ ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။  

အဆိုပါ  ကျောက်မျက် ရတနာ သင်တန်းကျောင်း ဖွင့်လှစ်ပွဲသို့  နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ အသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ် ကြားထားသော ဧည့်သည်တော်များ၊ ကျေက်ာမျက် သင်တန်းသူ သင်တန်းသားများ တက် ရောက်ခဲ့ကြသည်။ (Xinhua)