27
Mon, Mar
602 New Articles

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရခေါင်းဆောင်များနှင့် PPSTအဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းမည်

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ထုတ်ပြန်ချက်ကို တွေ့ရစဉ်(ဓာတ်ပုံ- PPST) Politics, Law & Military

ရန်ကုန်၊ ဇန်န၀ါရီ ၁၂ ရက် (ဆင်ဟွာ)

NCAလက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ခေါင်းဆောင်များသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တပ်မတော်ခေါင်းဆောင်မျာ၊ အခြား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ယနေ့ ရင်ဆိုင်နေရသော အခက်အခဲများကို ညီညီညွတ်ညွတ် လက်တွဲ ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့ ကြိုးပမ်းမှုအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တပ်မတော်၊ အခြား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ အရေးပေါ်အစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်ရှိရာ လော်ခီးလာ၌ ယခုလ ၁၀ရက်နေ့တွင် ကျင်းပခဲ့ပြီး အထက်ပါ ကိစ္စရပ်များ ဆွေးနွေးဆုံးဖြတ်ခဲ့သည်။(Xinhua)