25
Thu, Apr
599 New Articles

နေပြည်တော်၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် အဆောင် D, ဒုတိယ ထပ်ရှိ အစည်းအဝေးခန်းမတွင် ယနေ့  နံနက် ၁၀း ၀၀ နာရီ၌ ကျင်းပသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး ၁၂ / ၂၀၁၉ က အခြေခံ ဥပဒေ အခန်း(၅) အား အပြီးသတ်ဆွေးနွေးမည် ဖြစ်ပြီး ဆက်လက်ဆွေးနွေးရန် အခန်း ခုနစ်ခန်း ကျန်ရှိကြောင်း  ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောသည်။

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ဧပြီလ ၂၃ ရက် နံနက်(၉)နာရီတွင် တောင်ဒဂုံစက်မှုဇုန်(၁)ခန်းမ၌ တောင်ဒဂုံစက်မှုဇုန် (၁) (၂) (၃) စက်မှုဇုန်ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) 

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၇၇,၀၀၀ ပြား ဒေသ ကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၃၁၀ သိန်း အား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

နေပြည်တော်၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ၎င်း၏ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အစည်းအဝေးများကို ဒုတိယအကြိမ် လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်း အဝေးများ ပြန် မစမီ ရက်သတ္တ တစ်ပတ် စောပြီး ယနေ့ (ဧပြီ ၂၂ ရက်)တွင် ပြည်ထောင်စု လွှတ်တော် ဒီ(D) ဆောင်၊ အစည်းအဝေးခန်းမ၌ ပြန်လည် စတင်ခဲ့ ရာ ၎င်းဥပဒေ၏ အုပ်ချုပ်ရေး ကဏ္ဍဖြစ်သော  အခန်း(၅) ကို ဆွေးနွေးကြသည်ဟု သိရသည်။

ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ၊ ပေကျင်းမြို့တွင် ကျင်းပ ပြုလုပ်မည့် ဒုတိယ အကြိမ်မြောက် ရပ်ဝန်း နှင့် ပိုးလမ်းမ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီး ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး/ပြည်နယ်များ အတွင်း တရားမ၀င်သစ် တန် ၈၀၀ ကျော်အား ဧပြီ ၁၃ ရက်မှ ၁၇ ရက် အထိ သင်္ကြန်ကာလတွင် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

နေပြည်တော်၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ၎င်း၏ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အစည်းအဝေးများကို ဒုတိယအကြိမ် လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးများ ပြန်မစတင်မီ ရက်သတ္တ တစ်ပတ် စောပြီး ဧပြီ ၂၂ ရက်နေ့ တွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

 

ရှမ်းပြည်နယ် မူဆယ်မြို့တွင် ဧပြီ ၁၇ ရက် ညပိုင်းတွင် ကျပ် ၁၁၅၆ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။

 

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

 

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ဘဂါင်္လီ အကြမ်းဖက်သမားများ၏  ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်က ဥပဒေအကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။