23
Tue, Apr
594 New Articles

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသားအကျဉ်းသား/သူ ၉၅၀၀ကျော်ကို ယနေ့ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်၌၂၀၁၉ ခုနှစ် မြန်မာရိုးရာသင်္ကြန်ကာလအတွင်း လမ်းလျှောက်သင်္ကြန်ပွဲများသို့ လာရောက်လည်ပတ်သူများပြားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတွင် တူမီးသေနတ် ၂ လက်နှင့် လက်ပစ်ဗုံး ၁၀ လုံး သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ဧပြီ ၁၃ ရက်၌ AA လက်နက်ကိုင်အဖွဲ့များ၏ သင်တန်းကျောင်းနှင့် စခန်းများအား သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် သိန္နီမြို့တွင် ငွေကျပ်၁,၃၂ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ အနီး ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင် ၁၇၉ နှင့် ၁၈၀ ကြား၌ ဧပြီလ ၁၂ ရက်၌ ဒေသန္တရလက်လုပ် ရှော့တိုက်မိုင်း(ခ)ကားမိုင်း ၇ လုံး တွေ့ရှိခဲ့၍ သက်မဲ့ပြုလုပ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်၌ ရွေးကောက်တင်မြှောက်ခြင်းခံရသူများ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြကြောင်း သိရသည်။

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်တွင် ငွေကျပ် ၁,၁၇ဝ သိန်းတန်ဖိုးရှိ ဘိန်းဆီခဲများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

ကရင်ပြည်နယ်အတွင်း ပဋိပက္ခဒေသရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးများအတွက် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်ရေး အပါအ၀င် အခြား ညှိနှိုင်းဆောင်ရွက်မှုများအတွက် သဘောတူခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့သော NRPC နှင့် KNU တွေ့ ဆုံ ဆွေးနွေးပွဲအပြီး ညနေပိုင်းတွင် မီဒီယာသို့  ပြောကြားခဲ့သည်။

နေပြည်တော်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် မိမိ အဖွဲ အစည်း၏ ရပ်တည်ချက်များ၊ ခံယူချက်များကို လှေနံ ဓားထစ် ဆုပ်ကိုင်ထားတာမျိုး မဟုတ်ဘဲ အပေး အယူ အလျှော့ အတင်း များဖြင့် ဆွေးနွေးဖို့  လိုအပ်ကြောင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန (NRPC) အဖွဲ့ ဝင် ပြည်ထောင်စု ရှေ့ နေချုပ် ဦးထွန်းထွန်းဦးက ယနေ့ နံနက် ပြောကြားခဲ့သည်။