17
Wed, Jul
531 New Articles

နေပြည်တော်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းများ မှန်ကန်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ နိုင်ငံရေးပါတီများ၊ CSO အဖွဲ့အစည်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ နှင့် ပူးပေါင်းလျက် မဲစာရင်း ပြုစုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ တိုင်းဒေသကြီး/ ပြည်နယ် လေးခုတို့ တွင် ကွင်းဆင်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC:_ Union Election Commission) အဖွဲ့ ဝင် ဦးမြင့်နိုင်က ပြောခဲ့သည်။

ရန်ကုန် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာ နိုင်ငံသား များအား စတုတ္ထအကြိမ် ပြန်လည် လက်ခံရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ဇူလိုင် ၁ ရက်မှ ၃ ရက် အထိ နိုင်ငံသား စိစစ်ပြီးသူ စုစုပေါင်း ၃၁၀ ဦး သတ်မှတ်ထားရှိသည့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှ တစ်ဆင့် အဆင်ပြေ ချောမွေ့စွာ လက်ခံ ဆောင်ရွက် နိုင်ခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

နေပြည်တော်၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

အခွင့်အရေး တစ်ခုတည်းကိုသာ မစဉ်းစားဘဲ အခွင့်အရေးနှင့် တာဝန်တို့ ကို ဒွန်တွဲပြီး ဆောင်ရွက်ကြမှသာ မိမိတို့ နိုင်ငံသည် အမှန်တကယ် တန်ဖိုးရှီသည့် နိုင်ငံ ဖြစ်လာနိုင်ကြောင်း 

နေပြည်တော် MICC II တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီက ယနေ့ ကျင်းပသော မြန်မာအမျိုးသမီးများနေ့  အခမ်းအနား အဖွင့် မိန့် ခွန်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ယနေ့ ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုအမှုပေါင်း ၂၂မှု အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည် အား ခန့်အပ်တာဝန်ပေးခြင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့်အညီ လွှတ်တော်က သဘော တူကြောင်း ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ကြေညာခဲ့သည်။

ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာ နိုင်ငံသားများ ပြန်လည်လက်ခံရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁ ရက်မှ ၃ ရက်အထိ နိုင်ငံသား စိစစ်ပြီး သူများအား သတ်မှတ်ထားရှိသည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် စတုတ္ထအကြိမ် ပြန်လည် စိစစ် လက်ခံရေး အစီအစဉ်အား ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

နေပြည်တော်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

၂၀၁၉ ဇူလိုင်လ (၁)ရက်နေ့မှ စပြီး မိုဘိုင်းဖုန်း ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်မှု၌ ကုန်သွယ်လုပ်ငန်းခွန်အပြည့် ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အခွန်မူဝါဒနှင့် သုတေသန ဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးတင်ထွေးက ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) တောင်ငူ- လွိုင်ကော် ကားလမ်းမပေါ်တွင် ယနေ့(ဇူလိုင် ၁ ရက်) နံနက် ၅နာရီဝန်းကျင်တွင် ကျပ် သိန်းပေါင်း ၂သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တရားခံ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)   

 

 မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် စစ်တိုင်းကြီး ၅ခုတွင် စစ်ရေးလှုပ်ရှားမှုအား ၂ လတိုးမြှင့်ရပ်ဆိုင်းလိုက်ကြောင်း ယနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျပ်သိန်း ၂၃၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။