25
Thu, Apr
605 New Articles

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် မြန်မာရိုးရာသင်္ကြန်ကာလအတွင်း သင်္ကြန်ပွဲတော်ကျင်းပမည်ဖြစ်သဖြင့် လမ်းပိတ်/လမ်းလွှဲနှင့် တစ်လမ်းမောင်းပြုလုပ်ထားမည့် လမ်းများကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ယနေ့ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မြန်မာ-အိုင်ယာလန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီး H.E. Mr. Joseph Anthony Cotter တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၄၁၆/၇)နှင့်(၄၁၇/၀)ကြား၌ ဧပြီ ၇ ရက် နံနက်အစောပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ၈ ဦး သေ၊ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အဆင့်မြင့် ရဲအရာရှိကြီးများ၏ (၆)ကြိမ်မြောက် အစည်းအဝေး ကို နေပြည်တော် Royal ACE Hotel တွင် ယနေ့  ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘက်မှ အဆင့်မြင့် အရာရှိကြီးများပါဝင်သည့် ကိုယ်စားလှယ် ၁၇ ဦး၊ အလားတူ ဘင်္ဂလားဒေ့ရှ်ဘက်မှ ၁၂ ဦးတို့  တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၅ /၂၀၁၉) ကြိမ်မြောက် အစည်းအဝေး တွင် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ပညာရေးဝန်ဆောင်မှု လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်း စုစုပေါင်းလုပ်ငန်း (၅) ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဝါးခုတ်ချောင်းကျေးရွာအနီးသို့ ရောက်ရှိလာသော AA အဖွဲ့ကို ဧပြီ ၃ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်က ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း ၊ စိုင်းဒင်ချောင်းအနီး AA အဖွဲ့ကို ရှင်းလင်းရာတွင် ၎င်းတို့နှင့်အတူရှိနေသည့် သရက်ပြင်၊ ဒဖြူချောင်း၊ ကင်းတောင်၊ ထိပ်တူးပေါက်နှင့် ဖုန်ညိုလိပ်ကျေးရွာများမှ အစ္စလာမ်ဘာသာဝင် ခြောက်ဦး သေဆုံးခဲ့ပြီး ကိုးဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများ ဘူးသီးတောင်မြို့ တပ်မတော် ဆေးရုံသို့ ရောက်ရှိလာသဖြင့် ဆေးဝါး ကုသမှုများ၊ ထောက်ပံ့မှုများ ဆောင်ရွက်ပေးပြီး လိုအပ်သော စိစစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော် ၊ ဧပြီလ (၄) ရက်

အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (ASEAN Tourism Committee Meetings) များကိုအာဆီယံအဖွဲ့ဝင်နိုင်ငံ များတွင် နိုင်ငံအမည်အက္ခရာစဉ်အလိုက် တစ်နှစ် လျှင်နှစ်ကြိမ် ကျင်းပပြုလုပ် လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွက် အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံတွင် ပထမ အကြိမ် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၅) ရက်နေ့အထိ ရှမ်းပြည်နယ်၊ အင်းလေး ဒေသရှိ NovotelInle Lake Myat Min Hotel တွင် ကျင်းပလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) 

အိန္ဒိယရေတပ်မှ စစ်ရေယာဉ်မှူးဖြစ်သူ Commander Anuj Sharma ဦးဆောင်၍ အရာရှိ၊ စစ်သည်များ လိုက်ပါ လာသော သုတေသန ရေယာဉ် INS Sagardhwani (A 74) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၌ ချစ်ကြည်ရေး ခရီး လည်ပတ်ရန် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ဧပြီလ ၃ရက်က ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း တပ်မတော်ရေ မှ ယနေ့ သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) 

မဟာသင်္ကြန်ကာလတွင် သွားလာမှု အဆင်ပြေစေရေးအတွက် မြန်မာ့ မီးရထားက သင်္ကြန် အထူး ရထားများနှင့် ၀န်ထမ်း အထူးရထားများ ပြေးဆွဲပေးမည် ဖြစ်ပြီး ရထားလက်မှတ်ခများအား ယခင် ဈေးနှုန်းများအတိုင်း ရောင်းချမည် ဖြစ်ကြောင်း ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။