25
Thu, Apr
591 New Articles

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ ကို ယနေ့ ရန်ကုန်မြို့ တွင် ကျင်းပလျက်ရှိပြီး နိုင်ငံတော် သမ္မတဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို တို့မိသားစုကလည်း ယနေ့နံနက် တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ကျားကွက်သစ်ရပ်ကွက်၊ မဲရုံအမှတ် (၃) တွင်ဆန္ဒမဲလာရောက်ပေးခဲ့ကြောင်း သိရသည်။ 

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်အတွင်း ကျပ် သိန်း ၃၀၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်အား ယနေ့ နံနက် ၇နာရီ ခွဲက ဓားပြတိုက်ခဲ့ရာ ငွေကျပ်သိန်း ၂၉၀၀ ခန့်တန်ဖိုးရှိ ရွှေထည်မျိုးစုံ စိန်ထည်ပစ္စည်းများနှင့် ထိုင်းဘတ်ငွေများကို ဓားပြတိုက်သူများက ယူဆောင်သွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ မတ်လ ၂၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ရေး အဖွဲ့ (NSSA:_ National Skills Standards Authoruty) သည် ၎င်း၏ Quality Management System လုပ်ငန်းစဉ်အတွက် ISO 9001 : 2015 ကို ရရှိခဲ့ရာ ကျွမ်းကျင်မှု စစ်ဆေးခြင်း၊ လက်မှတ်ထုတ်ပေးခြင်းများ သိက္ခာရှိစွာ လုပ်ဆောင်ကြရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်း ဆွေက ယနေ့  တိုက်တွန်း ပြောကြားခဲ့သည်။

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး HE. Mr. Dag- Inge Ulstein တို့တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ One StopMart ဆိုင်ကို ၀င်ရောက် ဓားပြတိုက်သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ မတ်လ ၂၇ ရက်(ဆင်ဟွာ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် မသက်ဆိုင် သည့် ကိစ္စများကို ဆွဲသွင်းလာခြင်းများ မပြုလုပ်ကြဖို့  လိုအပ်ကြောင်း ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းက ယနေ့ ကျင်းပသည့် ၇၄ ကြိမ်မြောက် တပ်မတော်နေ့  အခမ်းအနားတွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး နှစ်ဘက် အကျအရှုံးရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း သိန်းပေါင်း လေးသိန်းကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တပ်မတော်မှ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်နေမှုနှင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေမှုများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။