17
Wed, Jul
533 New Articles

နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ)

အသက် ၁၈ နှစ် မပြည့်သေးသော စစ်သည် ၆၇ ဦးတို့ အား မိဘ အုပ်ထိန်းသူများထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ယနေ့  သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

 

 နေပြည်တော်ကောင်စီ၌ ကဏ္ဍကြီး ၇ခုအတွက် ကျပ် ၄၂သန်းကျော် ကုန်ကျခံ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ပန်ဝကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာအနီးတွင် လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

 

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်အောင်သူအား နိုင်ငံတော် သမ္မတက ယနေ့ ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးဧ၊် ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း မေ ၂၇ ရက်နေ့ နံနက်ပိုင်းက  ကျပ် သိန်း ၇၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးစိုးဝင်းအား ခန့် အပ် တာဝန်ပေးရန် နိုင်ငံတော် သမ္မတထံမှ ပေးပို့ ထားကြောင်း ယနေ့ မေ ၂၈ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အသိပေး တင်ပြခဲ့သည်။

ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်နေထိုင်လိုခြင်း မရှိသော နေရပ်စွန့်ခွာသူများသည် ၄င်းတို့၏ သဘော ဆန္ဒဖြင့် ယခု ကာလ အတွင်း ၄င်းတို့အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်လာခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ယနေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်၊ နမ့်စန်မြို့နယ်၌ ငွေကျပ် သိန်း ပေါင်း ၉,၆၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ မေ ၂၅ ရက် (ဆင်ဟွာ)

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း အား ပြည်ထောင်စုဝန်ကြီးရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။

 

နေပြည်တော်၊ မေလ ၂၅ ရက် (ဆင်ဟွာ)

ပုဂ္ဂလိက မီဒီယာများ တောင်းဆိုနေသည့် သတင်းအချက်အလက်များ ပိုမို ရရှိရေးနှင့် လွတ်လပ်စွာ ရေးသားခွင့်များကို ပြန်ကြားရေးဝန်ကြီးဌာနကအားပေးရန်အဆင်သင့် ရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ယနေ့  သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။

“စာနယ်ဇင်းများ၊ ဆိုရှယ် မီဒီယာများမှာ ဘယ်အတိုင်းအတာအထိ လွတ်လပ်စွာ ရေးသား ပြောဆို တင်ပြ နေကြသလဲ ဆိုတာကို အားလုံး အသိပဲ ဖြစ်ပါတယ်၊ လတ်တလောအနေအထားမှာတော့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေဆဲ၊ ဒီမိုကရေစီ အခြေခံ အဆောက်အအုံတွေ တည်ဆောက်နေဆဲ ကာလဖြစ်လို့  သတင်းရေးသားခွင့်နဲ့  ပတ်သက်ပြီး ငြိစွန်းတာတွေလည်း ရှိပါတယ်၊ ကျွန်တော်တို့  ကတော့ သတင်းအချက်အလက် ပိုမိုရရှိရေးနဲ့  လွတ်လပ်စွာ ရေးသားခွင့်ကို အားပေးဖို့  အဆင်သင့် ရှိနေပါတယ်” ဟု နိုင်ငံတော် အစိုးးရ၏ ဒုတိယ တစ်နှစ်တာ ဆောင်၇ွက်မှုများ သတင်းစာ၇ှင်းပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကို တင်ပြရာတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

မီဒီယာ လုပ်ငန်းများ ဖွံ့ ဖြိုးရေးနှင့် ပတ်သက်ပြီး ၎င်းက “အခုအခါမှာ Online media ကို ပြောင်းရွှေ့  လာတဲ့အတွက် ပုံနှိပ် မီဒီယာတွေ အခက်အခဲရှိရတာဖြစ်ပါတယ်၊ ရုပ်သံ မီဒီယာ ဖွံ့ ဖြိုးရေးအတွက် ရုပ် သံ ဥပဒေ မပေါ်ထွက်ခင်မှာပဲ ရုပ် သံ လုပ်ငန်း ငါးခုကို လုပ်ပိုင်ခွင့် ပေးခဲ့ပါတယ်၊ အခုဆိုရင် နှစ်ဦးက ထုတ်လုပ်နေပြီး ကျန် သုံးဦးက ဒီနှစ် မကုန်ခင် ထုတ်လွှင့်နိုင်ဖို့  စီစဉ်နေပါပြီ။ ရေဒီယို လုပ်ငန်းတွေ အတွက် လည်း Cherry FM လို ဒေသတွင်း Community radio တွေ လုပ်ကိုင်နိုင်အောင် စီစဉ်နေ ပါပြီ”ဟု ပြောခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း အများပြည်သူ အသိပညာပေးရေး အတွက် စာတမ်းဖတ်ပွဲ များ၊ စာအုပ်ဈေးရောင်းပွဲများ၊ ကလေးစာပေပွဲတော်များ ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၅၀ တစ်ဝိုက် ခန့် က ထုတ်ဝေခဲ့သည့် မြန်မာ့ စွယ်စုံကျမ်းများကို ခေတ်နှင့် လျော်ညီစေရန် revised လုပ်ပြီး စွယ်စုံကျမ်း မူသစ်များ ထုတ်နိုင်ရန် ထွန်းဖောင်ဒေးရှင်းနှင့် ပူးပေါင်း စီစဉ်လျက်၇ှိရာ ပထမတွဲသည် ယခုနှစ်အတွင်း ထွက်လာတော့မည်ဖြစ်ကြောင်း၊ မြန်မာ့ စာပေ သမိုင်းတစ်လျှောက် အလွန်ထင်ရှား ခဲ့သော မြန်မာ့ဂန္တ၀င်စာစဉ်များကို အုပ်တွဲပေါင်း ၁၀၀ ထုတ်ဝေရန် စီစဉ်လျက်ရှိရာရှေ့ လတွင် အုပ်တွဲ သုံးတွဲ စတင် ထွက်၇ှိမည်ဖြစ်ကြောင်း၊ ပြည်သူ့  စာကြည့်တိုက်များကိုလည်း သာမန် စာကြည့်တိုက် မျိုး မဟုတ်ဘဲ ရပ်၇ွာအကျိုး ဆောင်၇ွက်နေသူများ သွားလာ ၀င်ထွက် တွေ့ ဆုံနိုင်သည့် Community Center များအဖြစ် ဆောင်ရွက်လျက်ရှိရာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် တွဲပြီး ဆောင်ရွက်နေသည့် center ပေါင်း ၁၀ ခု ဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ အဆိုပါ စင်တာများတွင် ပြည်သူ့  စကားဝိုင်း (Public talk) အစီအစဉ် ပေါင်း တစ်ရာခန့်  ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ စာအုပ်ဆွေးနွေးဝိုင်း (Book Club) များကိုလည်း ဆောငရွက်လျက်၇ှိကြောင်း၊ ပြည်သူများ အကြား ဒီမိုကရေစီ အလေ့အကျင့် ထွန်းကား ရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

“၀န်ကြီးဌာနရဲ့ တာဝန်တစ်ခုဖြစ်တဲ့ ပြည်သူတွေကို ဖျော်ဖြေရေးကဏ္ဍမှာလည်း ငြိမ်းချမ်းရေး ဂီတ ပွဲတော်အဖြစ် အမြို့ မြို့ အနယ်နယ်မှာ လှည့်ပြီး ဆောင်ရွက်နေပါတယ်၊ ပြီးခဲ့တဲ့ နှစ်ထဲမှာ ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော် ကျင်းပခဲ့ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

နေပြည်တော် သတ္တရသီ၇ိမြို့ နယ်၊ ဟိုတယ်ဇုန်(၂) မရောက်မီ ဇ၀နရပ်ကွက်၊ မင်္ဂလာအ၀ိုင်း အနီးတွင် ရုပ်ရှင်ခြံနှင့် ရုပ်၇ှင် သင်တန်းကျောင်း တည်ဆောက်ရန် စီစဉ်လျက်ရှိရာ ဟိုတယ်နှင့် ခရီး ၀န်ကြီး ဌာန၊ သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီ စသည့် သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ညှိနှိုင်း စီစဉ်လျက် ၇ှိကြောင်းလည်း ပြည်ထောင်စု ၀န်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)