25
Thu, Apr
605 New Articles

 ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ယူခဲ့သည့်နေ့မှ ဖြေရှင်းဆောင်ရွက်ပြီးအမှုတွဲပေါင်း ၁၂၄၁ ခု၊ ကျန်အမှုတွဲပေါင်း ၉၉၆ ခုနှင့် တစ်လလျှင် ပျမ်းမျှ အစောင်ရေ(၁၀၀)ရှိပါကြောင်း၊ ပြည်သူများ၏ တိုင်ကြားစာများအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များအား အရေးယူဆောင်ရွက်ခဲ့သည့် အရေအတွက်မှာ (၇)ခု ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောသည်။

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

နေရပ်စွန့်ခွာ၍ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ရန်အတွက် ဂေါ်ဒူသာရကျေးရွာအုပ်စု မှိုဝင်ချောင်းဝအနီး ပင်လယ်ကမ်းခြေ၌ ယာယီနေထိုင် လျက်ရှိသော ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့မှ ဒေသခံများအား မောင်တောခရိုင်မှ တာဝန်ရှိသူများ မတ်လ ၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

ပုသိမ်ကြီးမြို့နယ်၌ လျှပ်စစ်ဒီတိုနေတာ(ကတ်သီး)ကြိုး ၆၆,၇၀၀ ချောင်း၊ ယမ်းပျော့ ၁၉,၁၉၀ ချောင်းနှင့် ယမ်းကြိုးပါမီးရှို့ဒီတိုနေတာ ၄၅၀၀ ချောင်း သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့သည် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း၌ အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ မတ်လ ၇ ရက် (ဆင်ဟွာ)

နိုင်ငံတော် အစိုးရ ကိုယ်စား လုပ်ငန်း နယ်ပယ် အသီးသီးတွင် တာဝန်ယူ ထမ်းဆောင်နေကြသည့် အစိုးရ ဌာန အဖွဲ့ အစည်း အသီးသီးမှ ၀န်ထမ်းများသည် မိမိတို့  ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန် များကို ပြည်သူအများက တိုင်ကြားမှ၊ တင်ပြမှ လုပ်ဆောင်တာမျိုး မဟုတ်ဘဲ တာဝန်သိသိ ဆောင် ရွက် ကြဖို့  လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့  ပြောကြားခဲ့သည်။

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှ ဆောက်လုပ်ဆဲအထပ်မြင့်အဆောက်အဦများ

ကိုရပ်ထားခြင်းမရှိကြောင်းရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြော ကြားသည်။

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၉၀၉ .၂၁၈ သိန်း တန်ဖိုးရှိ ဆာလဖျူရစ်အက်စစ်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင်  တရားမ၀င် ပိတောက်သစ် ၅တန်ကျော်အား ပိုင်ရှင်မဲ ဖမ်ဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲ ကို မတ် ၂ ရက် ညနေ ၄ နာရီမှ ၄ နာရီ ၅၅ မိနစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်း နှစ်နိုင်ငံ နယ်စပ်မှတ်တိုင် (၃၁/၁) ဂေါင်းဒုံ BGB စခန်း၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။