24
Wed, Apr
613 New Articles

ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း စိုက်ပျိုးထားသော ဘိန်းခင်းများအား တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း သုံးကြောင်းဖြင့် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ ကွင်းဆင်း ရှာဖွေ ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ညီလာခံ တတိယ အစည်းအဝေးကို ဧပြီလကုန် မေလဆန်းတွင် ကျင်းပရန် လျာထား သတ်မှတ်သည့် ဆုံးဖြတ်ချက်ကိုချမှတ်နိုင်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်သည့် ၇ ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည် ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေး ဆုံးဖြတ်ချက် အရ သိရသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဘဏ္ဍာရေးနှစ် အသစ်နှင့် အဟောင်း ကြားကာလ ခြောက်လအတွင်း (၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင် ဘာလအထိ) အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများအား ယနေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဝန်ကြီးဌာန ၂၄ ခုနှင့် ပြည်ထောင်စု အဆင့် အဖွဲ့ အစည်း အချို့ တို့ ၏ စီမံကိန်း လုပ်ငန်းများ အတွက် မူလ လျာထား ဘတ်ဂျက်များမှ ကျပ်သန်း ၁၀၄,၉၈၄ ဒသမ ၃၅၀ လျှော့ချ ပြင်ဆင်ပြီး  အဆိုပါ ခြောက်လ ဘတ်ဂျက် ဥပဒေကြမ်းကို အတည်ပြုလိုက်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

 

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် လက်လုပ်မိုင်း တစ်လုံးအား အသက်သွင်းစဉ် ပေါက်ကွဲပြီး တစ်ဦးသေဆုံးသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေးစခန်းများ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာမည့်သူများအား လက်ခံရေး ဆောင်ရွက်ခဲ့ရာ စတင်လက်ခံသည့်နေ့ ဇန်န၀ါရီ ၂၃ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်နေ့ထိ တစ်လကျော်ကြာချိန်ထိ ပြန်လည်ဝင်ရောက်မှု မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

လမ်းမီးများ ထွန်းညှိခြင်းနှင့် လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းများကို လျှပ်စစ်ဓာတ်အားပေး ကော်ပရေးရှင်းသို့သာ တာဝန်ပေးအပ်သွားရေး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်တို့ ညှိနှိုင်းနေကြောင်း ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။ 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ အရှေ့တောင်ဘက် ဖုန်းသုန်း ကြိုးဝိုင်း အတွင်း တရားမ၀င်သစ်များ ခိုးထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိ သဖြင့် သွားရောက် ဖမ်းဆီး ရှာဖွေရာ တရားမ၀င်သစ်များ၊ သစ်ခွဲ စက်များနှင့် ဆက်စပ် ပစ္စည်းများအား ဖမ်းဆီး ရမိခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်အား ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်) ထုတ်ပြန်လိုက်သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ၏ ရှေ့ပြေးံဖြစ်သည့် လူထုတွေ့ ဆုံပွဲများ ကျင်းပနိုင်ရေး အတွက် အားလုံးက ၀ိုင်းဝန်းပံ့ပိုး ကူညီကြရန် UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ယနေ့  ညနေပိုင်း နေပြည်တော် NRPC တွင် ပြုလုပ်သော (၁၄)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC )အစည်းအဝေး၌ ပြောကြားခဲ့သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

လွှတ်တော် ကိုယ်စားလှယ်တာဝန်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ရေးဆွဲ ပြုစု လျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ဝင် ဦးမြင့်အောင်က ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။