25
Thu, Apr
605 New Articles
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်အား ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်) ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ၏ ရှေ့ပြေးံဖြစ်သည့် လူထုတွေ့ ဆုံပွဲများ ကျင်းပနိုင်ရေး အတွက် အားလုံးက ၀ိုင်းဝန်းပံ့ပိုး ကူညီကြရန် UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ယနေ့  ညနေပိုင်း နေပြည်တော် NRPC တွင် ပြုလုပ်သော (၁၄)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC )အစည်းအဝေး၌ ပြောကြားခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
လွှတ်တော် ကိုယ်စားလှယ်တာဝန်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ရေးဆွဲ ပြုစု လျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ဝင် ဦးမြင့်အောင်က ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၈နာရီ၃၀ခန့်က ကျပ် ၁,၅၉၆ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဟိုကေဒေကုန်း ကျေးရွာအနီး၌ ဖေဖော်ဝါရီ ၂၆ရက်နေ့က ဒေသန္တရလက်လုပ်မိုင်း တစ်လုံးတွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်ပုန်းဆိုင်များနှင့်ပတ်သက်ပြီး သတင်းပေးတိုင်ကြားပါက ချက်ချင်းအရေးယူ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းများ နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေး၌ ဆွေးနွေးကြကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၅၁၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေး၌ မိုင်းတစ်လုံးတွေ့ရှိပြီး ၁၀၅ မိုင်အနီး အသံမိုင်း နှစ်လုံး ပေါက်ကွဲခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)