26
Fri, Apr
598 New Articles

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊လားရှိုးမြို့ အမှတ် ၂ ရပ်ကွက် ရိုးမဘဏ် နှင့် ဧရာဝတီဘဏ်ကြား၌ စိစစ်ဆဲ အဖွဲ့အစည်းတစ်ခုမှ ထောင်ထားသည့် ဒေသန္တရမိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဘဏ်ဝန်ထမ်းအမျိုးသမီး ၂ ဦးသေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိမှုတို့အတွက် မိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းကြေကွဲရကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့တွင် ငွေကျပ် ၁၃၉၆ဒသမ၁၆၀၁ သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

လားရှိုးမြို့၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးဒဏ်ရာရသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဆောက်လုပ်ရေး လုပ်ငန်း၏ စီမံကိန်း လုပ်ငန်းများ ဖြစ်သည့် အဝေးပြေး လမ်းပိုင်း သုံးခုတို့ ကို အဆင့်မြှင့်နိုင်ရေးနှင့် မြို့ ပြ ဖွံ့ ဖြိုးရေးများဆောင်ရွက်နိုင်ရန် အာရှဖွံ့ ဖြိုးရေးဘဏ်နှင့် အာဆီယံ အခြေခံ အဆောက်အအုံ ရန်ပုံငွေမှ အမေရိကန် ဒေါ်လာ ၄၄၀ သန်း ချေးယူရေးအတွက် ပြည် ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ရန် နိုင်ငံတော် သမ္မတက လွှတ်တော်သို့  စာပေးပို့  ခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ကလောမြို့နယ်၌ အမြောက်ကျည်ဆံဟောင်း(၇)ခုတွေ့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေ ဥပဒေနည်းလမ်းအရ မဟုတ်သော လုပ်ငန်းဆောင်ရွက်မှုများကို စိစစ်ပြီး လယ်ယာမြေဥပဒေ ပုဒ်မ ၁၉နှင့်၂၀တို့ အရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ညွှန်ကြားသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောစွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောကြားခဲ့သည်။ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်အတွင်း တရားမ၀င်သစ်လုံးများနှင့် သစ်ခွဲသားဆိုဒ်စုံ တန် ၇၀ကျော် အား သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ယခု အချိန်တွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက် ထားကြောင်း လားရှိုးမြို့ နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူး ဝေလင်းအောင်က ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆင်ဟွာသို့  ပြောကြား ခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

စားအုန်းဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီ၊ ပဲပုပ်ဆီ များအပေါ် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ (မူကြမ်း) တွင် ထည့်သွင်းကောက်ခံသင့်သည့် အခွန်နှုန်းထားများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

 

မူးယစ်ဆေးဝါး ထုတ်လုပ်မှုများတွင် ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများကိုပါ တွေ့ရှိလာကြောင်း မူးယစ်ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။