20
Tue, Aug
533 New Articles

ရန်ကုန် ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် ၊ လွိုင်လင်-တောင်ကြီး သွား ကားလမ်း ၊ ဟိုတင့်ကျေးရွာအနီးတွင် မော်တော်ယာဉ် တစ်စီးပေါ်မှ ဒေသကာလ ပေါက်ဈေး တန်ဖိုး ငွေကျပ် ၁၂၅,၂၅၀ သိန်း ရှိသော ICE အလေးချိန် ၅၀၁ ကီလိုဂရမ်အား သိမ်းဆည်း ရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗဟိုကော်မတီ ထံမှ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအ၀င် စစ်ဆေးရေးဂိတ်များအား ယနေ့ (သြဂုတ် ၁၅)ရက် နနက် ၅နာရီခွဲခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်မတော်နှင့် တပ်မတော်နှင့် AA ၊ TNLA ၊ MNDAA ပူးပေါင်းအဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားကာ အကျအရှုံးများဖြစ်ပေါ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

 

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံး အပါအ၀င် မိတ္ထီလာ အမတ် ဒေါက်တာ မောင်သင်း တင်သွင်းလာသည့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းအား ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဆက်လက် ဆောင်ရွက်မည့် ဥပဒေ မူကြမ်း ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် တစ်ပေါင်းတည်း ထည့်သွင်း စီစဉ် ဆောင်ရွက်သင့် ကြောင်း ပူးပေါင်းကော်မတီက ယနေ့  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့  အစီရင်ခံစာ တင်သွင်းခဲ့သည်။

 

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်(DSTA)အပါအ၀င် ရှမ်းပြည်နယ်အတွင်းရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များ ယနေ့ (သြဂုတ် ၁၅ ရက်) နံနက်အစောပိုင်းမှစတင်ပြီး တိုက်ခိုက်ခံခဲ့ရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး၏ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ဆင်ဟွာသို့ အတည်ပြုပြောကြားသည်။

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) 

ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားချိန်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရေး အသိပေးချက် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

 

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ပါဝင်သည့် အရပ်သားကိုယ်စားလှယ်များ၏ သတ္တမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးအား ယနေ့ သြဂုတ်လ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) 

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်တွင် ငွေကျပ် ၆၉၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ သြဂုတ်လ ၈ ရက်တွင် စိတ်ကြွဆေးပြား ၂သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏အစီရင်ခံစာအား ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။