20
Tue, Aug
533 New Articles

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက် အရ စုစုပေါင်းရငွေကျပ် ၇၇၂.၀၄၈ ဘီလီယံကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ရှင်းလင်းတင်ပြသည့်အပေါ် လွှတ်တော်က အတည်ပြုလိုက်သည်။ 

နေပြည်တော်၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် ပလက်ဝမြို့ နယ် ကုလားတန် မြစ်ကူးတံတား စီမံကိန်းသုံး ပစ္စည်းများ ဆုံးရှုံးမှုအတွက် IKBZ အာမခံ ကုမ္ပဏီက ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့  ပြန်လည် အစားထိုး လျော်ကြေး ပေးအပ်သည့် အခမ်းအနားကို ယနေ့  ညနေပိုင်း၌ နေပြည်တော်၊ ဆောက်လုပ်ရေး ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့ရာပြည်ထောင်စု ၀န်ကြီး ဦးဟန်ဇော် တက်ရောက်လျက် ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြည်လမ်းမပေါ်တွင် ယနေ့ နံနက် ၅နာရီကျော်က YBS ခရီးသည်တင်ယာဉ်နှင့် Hijet ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး လူ၂ ဦး သေ၊၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလာရောက်လုပ်ကိုင်သော မရမ်းကုန်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။

နေပြည်တော်၊ ဇွန် ၁၈ရက်(ဆင်ဟွာ)

တရားမ၀င် ဂြိုဟ်တု စလောင်း ရုပ်သံလိုင်းများအား မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများနှင့်အညီ စနစ်တကျ ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်လှ ထွန်းက ယနေ့  ပြောကြားသည်။

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အမျိုးသား စီမံကိန်းသည် နိုင်ငံ၏ (GDP)ကို ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်းကြောင်း အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ယနေ့ ကျင်းပသော  အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၉) အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၄၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂,၅၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ဟိုဒရိုကလိုရစ်အက်ဆစ် ၁၁၀၀၀ လီတာ(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈၂၅၀ သိန်း)နှင့် ပလတ်စတစ်ပုံးများဖြင့်ထည့်ထားသည့် ဆာလဖျူရစ်အက်ဆစ် ၅၀၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၇၅ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ် ၄,၁၄ဝ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက် အင်းယားကန်ဘောင်တွင် ယနေ့ နေ့လည် ၂နာရီ ၅မိနစ်အချိန်က လက်ပစ်ဗုံးပုံစံအရာ ၀တ္ထုတစ်ခုအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးပုံစံ မီးခြစ်ဖြစ်နေသည်ကို တွေ့ရကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဟန်က ဆင်ဟွာသို့ပြောကြားသည်။