17
Thu, Oct
573 New Articles

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ရေနုတ်မြောင်းပြုပြင်နေသော လုပ်သား ၁၉ဦးသည် ဇွန် ၂၄ရက်နေ့တွင် မှိုများစားသောက်ပြီး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က စွန့်လွှတ်မြေများနှင့် ပတ်သက်၍ နှောင့်နှေး ကြန့်ကြာမှု မရှိစေဘဲ မူလ ပိုင်ရှင်များထံ အမြန်ဆုံး အပ်နှံ သွားရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈)တွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

မြဝတီခရိုင်အတွင်း ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ ၂၃ ရက်နေ့အထိ မူးယစ်ဆေးဝါး တရားခံ ၁၀၄ ဦးဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

မူးယစ်ဆေးဝါး အထူး သတင်း တိုင်ကြားရေး ဌာနအား ဖွင့်လှစ် ထားရှိထားပြီး ပြည်သူများ အနေဖြင့် ရုံးချိန် အတွင်း တယ်လီဖုန်း ၊ ဖက်စ်ဖုန်း နှင့် အီးမေးလ် လိပ်စာ တို့သို့ လုံခြုံ စိတ်ချစွာ တိုင်ကြားနိုင်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အသိပေး ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ ၆၆.၃၅သန်းကျော် ဖိုးအား ယနေ့ ကျရောက်သော (၃၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ပြောကြားသည်။

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Edouard Philippe အား ဇွန်လ ၂၅ ရက်က မြို့တော် ပေကျင်း၌ လက်ခံတွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ အနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် နေရာပြည့်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ၌ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ဒေါက်တာမေဝင်းမြင့်က ဆင်ဟွာသို့ပြောကြားသည်။

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးတွင် ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီများ တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ယနေ့ NLDက ပြုလုပ်သော ညီလာခံနှင့် ပတ်သတ်သော သတင်းစာရှင်းလင်းပွဲတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ရန်ကုန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan၏ ဖိတ်ကြားချက်အရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်သည်။

ရန်ကုန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် လွိုင်လင် မြို့နယ် နှင့် မဘိမ်းမြို့နယ် တို့တွင် ငွေကျပ် ၁၆,၇၁၉.၉၇၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။