17
Sat, Nov
672 New Articles

နေပြည်တော်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

အာဆီယံ အဖွဲ့ ဝင်နိုင်ငံများသည် အနာဂတ်ကာလတွင် တွေ့ ကြုံလာရမည့် စိန်ခေါ်မှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် MICC II တွင် ယနေ့  ကျင်းပသည့် အာဆီယံ နှစ် (၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြောခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး ၄ခုနှင့် ပြည်နယ် ၅ခုတို့တွင် ဇွန်လအတွင်း တရားမ၀င်သစ် တန် ၂၀၀ကျော် ဖမ်းဆီးရမိထားကြောင်း သစ်တောဦးစီးဌာနကထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက် ၃ ခုမှ လူဦးရေ ၃၃၁ ဦး ရေဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

မောင်တောမြို့နယ် နတ်မြစ်အတွင်း လှည့်ကင်း ဆောင်ရွက်စဉ် ဖမ်းဆီးရမိသော လှေအား စစ်ဆေးရာ ပလပ်စတစ် အိတ်အတွင်းမှ ငွေကျပ် ၉၅၀ သိန်း တန်ဖိုးရှိ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၄၇၅၀၀ ပြား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီထံမှ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) 

နမ့်ခမ်းမြို့နယ်၊အမှတ်(၂)နောင်စန့်ကုန်းရပ်ကွက်၌လုပ်သေနတ်များပြုလုပ်ရောင်းချနေသူအားဖမ်းဆီးရမိခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ဆွေးနွေးချက် ရလဒ်များအား နှစ်ဘက်ခေါင်းဆောင်များထံ တင်ပြမည်ဖြစ်ကြောင်း ဆဋ္ဌမအကြိမ်အစည်းအဝေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်၏ ကျန်ရှိသေးသည့် လေယာဉ်အစိတ် အပိုင်းများအား ထပ်မံရှာဖွေတွေ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

အသက် ၃၀ ပြည့် မှတ်ပုံတင်များ လဲလှယ်ရာတွင် စာရွက်စာတမ်းများ၊ အထောက်အထားများ ပူးတွဲ ပြသရသည့် အဆင့်များကို ဖြေလျှော့ ပေးသွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေး တွင် ပြောခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ကျဆီးကျေးရွာ တွင် ငွေကျပ်သန်းပေါင်း ၆၄,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်/ခဲယမ်းများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

လှိုင်မြို့ နယ်၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ရှိ တက္ကသိုလ်  အားကစားရုံအား တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အသုံးပြုခွင့် ရရှိရန် လာမည့် ဘဏ္ဍာနှစ်တွင် ပြန်လည် စီစဉ်ပေးသွားမည်ဟု ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ယနေ့  ပြည်သူ့  လွှတ်တော် တွင် ဖြေကြားခဲ့သည်။