15
Sun, Dec
507 New Articles

ရန်ကုန် ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို လာမည့် မေလ နောက်ဆုံး ရက်သတ္တပတ်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ယနေ့ ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

မောင်တော ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တော ဒေသရှိ နေ့ရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး ဆောင်ရွက်ထားရှိမှု အခြေ အနေ များ အပေါ် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများသည် ပြန်ကြားရေး ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ဧပြီ ၂၃ ရက်မှ ၂၅ ရက်ထိ သွားရောက် သတင်း ရယူမှုများ ဆောင်ရွက်ခဲ့သည်။

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ၌ကျင်းပမည့် (၃၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့နံနက် ၁၁နာရီ မိနစ်၄၀ တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားကြ ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ၁၀,၀၀၀ကျပ်၊ ၅,၀၀၀ကျပ်၊ ၁,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရှိ အိုရှင်းစူပါစင်တာနှင့် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝန်းအတွင်း ဖောက်ခွဲမှုပြုလုပ်သူသုံးဦးအနက် နှစ်ဦးအား အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ်ဆီနှင့် တစ်ဦးအား အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ အသီးသီးချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ကျင်းပမည့် (၃၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့် တက်ရောက်မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၃ ရွက် တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ ဧပြီ ၂၂ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် ငွေကျပ်သိန်း ၈၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို ယခုနှစ် မေလ ၁၄ရက်နေ့တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး ကြေညာချက်အရ သိရသည်။

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုများကို မဟာဗျူဟာစီမံကိန်းများ ရေးဆွဲ၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ငါးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း၂၀၁၈ - ၂၀၂၂ကို စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။