11
Wed, Dec
495 New Articles

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာသက္ကရာဇ် ၁၃၈ဝ ခု၊ မြန်မာနှစ်ဆန်း(၁)ရက်၊ ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော် ဒုတိယ သမ္မတများ နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်သစ်ကူး မိန့်ခွန်းပြောကြားခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုရာတွင် နိုင်ငံခြားသား အကျဉ်းသူ/သား ၅၁ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယတွင် ပြောကြားသည့် မိန့်ခွန်းအတွင်း အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ပေးမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်။ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ (၈၄၉၀) ဦးအား ယနေ့ နိုင်ငံတော် သမ္မတက လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

သြင်္ကန်ပွဲတော်ကာလတွင် အေးချမ်းပျော်ရွင်စွာရေးကစားနိုင်ရေးအတွက် ပြည်သူများမှ အကူအညီ တောင်းခံလာပါက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ချက်ခြင်းကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံလိုပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး 199 Call Center ရှိ ဖုန်းအမှတ်

199, 012323199 များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင်များအား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမတွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ် ၁၇,၄၄၄.၂၆၃၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်ရှိ အေးရှားဝေါ တိုးဂိတ်အနီး၌ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် မဟာသြင်္ကန်ကာလအတွင်း ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ဖြစ်ပွားသော သြင်္ကန်မှုခင်းများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံး ၃၄ ရုံးတွင် အထူးတရားရုံးများ ဖွင့်လှစ်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်အရသိရသည်။