20
Tue, Aug
531 New Articles

နေပြည်တော်၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်သည် ၎င်း၏ လူ့ အခွင့်အရေး အသိပညာပေး လုပ်ငန်းများကို တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့် ပြန့်  ဆောင်ရွက်လျက်ရှိ ကြောင်း ကော်မရှင် ဥက္ကဌ ဦးဝင်းမြက ယနေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ကွန်ဟိန်းမြို့တွင် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် ငွေကျပ် ၄,၁၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh  Dhanoa၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ သွားရောက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယသမ္မတနိုင်ငံသို့  ထွက်ခွာသွားခဲ့ကြောင်း သိရသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါသွားကြောင်း သိရသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အဆိုပါ နေ့၏ ဒေသစံတော်ချိန် ၉ နာရီ ၄၀ မိနစ်တွင် အိန္ဒိယ သမ္မတနိုင်ငံ၊ ဗီဇာကာပတ်တနန်မြို့၊ INS Dega တပ်မတော်လေဆိပ်သို့ရောက်ရှိကြရာ အိန္ဒိယ တပ်မတော်၊ အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှ Rear Admiral  Kiran Deshmukh၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် သိန်းဇော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူးများနှင့် တာဝန်ရှိသူ များက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။(Xinhua)

 

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ၏ ၀န်ကြီးချုပ်အသစ် မစ္စတာ ဘောရစ်ဂျွန်ဆင် ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စု၊ ချင်းလျားကျေးရွာအနီး၊ ကွင်း အမှတ် (၂၂)ရှိ  ဇီးတောဆည်(ဆားတောင်ဆည်)အတွင်း စက်လှေတိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည် ၁၃ ဦးသေဆုံး၍ တစ်ဦး ပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) အား လုပ်ပိုင်ခွင့် ရရှိသူ အမည် ပြောင်းလဲခြင်း လုပ်ငန်း ဆိုင်ရာညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပြီး နေပြည်တော်ကောင်စီ အပါအ၀င်၊ တိုင်းဒေသကြီး / ပြည် နယ် လယ်ယာမြေ စီမံခန့် ခွဲမှု အဖွဲ့ များ၂၀၁၉ ခုနှစ်ဇွန်လ ၁ ရက်နေ့ မှစတင် ဆောင်ရွက်ပေးရန် ဗဟို လယ်ယာမြေ စီမံခန့် ခွဲမှု အဖွဲ့ က ညွှန်ကြားထားပြီး ဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်  မြောင်းဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးလှကျော်က ယနေ့  ပြည်သူ့ လွှတ်တော် အစည်း အဝေးတွင် ဖြေကြားခဲ့သည်။

ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit - CPU)များကို ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ပြည်ထောင်စု ဝန်ကြီးဌာန ၁၄ ခုတွင် ရှေ့ပြေးစီမံချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ မိမိတို့၏ စိတ်ဆန္ဒအလျောက် ထပ်မံဖွဲ့စည်းလာသည့် ပြည်ထောင်စု ဝန်ကြီးဌာနများ ရှိလာသဖြင့် ယခုအခါ ပြည်ထောင်စု ဝန်ကြီးဌာန ၁၈ ခုတွင် CPU (၃၂)ဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် စက်လှေတစ်စီး  တိမ်းမှောက်ပြီး လူ ၃၉ ဦးပျောက်ဆုံးရာမှ ယနေ့ နံနက်ပိုင်းတွင် လူ ၄ဦး သေဆုံးလျက်ပြန်တွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂,၉၉၆ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအပြင် ဒေသတွင်း ဖွံ့ ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတါင် အာဆီယံ၏မူဘောင်များနှင့်အညီ အဖွဲ့ ဝင်နိုင်ငံများ အားလုံး နှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲ အသင့်ရှိနေသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့  ပြောကြားခဲ့သည်။