17
Sat, Nov
672 New Articles

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

 

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက် နေ့လည်ပိုင်းက မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ငွေကျပ် ၁,၄၂၂ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့တို့ သည် ယနေ့တွင် နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်၊အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် သိန်း၂၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၈ဝဝ ပြား ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် အောက်တိုဘာ ၁၂ရက်ညပိုင်းက တရားမ၀င်သစ် တန် ၅၀ ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အကြိုညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန(NRPC) ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊  အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုပေါင်း ၂၅ဝဝကျော်ရှိခဲ့ပြီး လူဦးရေ ၅သိန်းကျော် ဘေး ဒုက္ခခံစားခဲ့ရကြောင်း ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် အခမ်း အနားတွင် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

ရေပူ နှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းများတွင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှု ပြုလုပ် ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း တားဆီးမှု ရှစ်မှုမှ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၄၃ ဒသမ ၄၁ သန်းကို အောက်တိုဘာ ၁၁ ရက်တွင် သိမ်းဆည်း ရမိခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၄င်း၏ဝက်ဘ်ဆိုက် www.icoe-myanmar.org ကို ၂ဝ၁၈ ခုနှစ်၊ အောက်တို ဘာလ ၁၃ ရက်မှ စတင်၍ စတင် ထုတ်လွှင့် လိုက်ကြောင်း လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း နှင့် မဲဆွယ် စည်းရုံးခွင့် ဆိုင်ရာ တို့နှင့် စပ်လျဉ်း၍ ထပ်မံ အသိပေး ထုတ်ပြန် ကြေညာခြင်း တစ်ရပ်အား အောက်တိုဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း အောက်တိုဘာ ၁၀ ရက်က တရားမ၀င်သစ် ၁၈တန်ကျော် ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။