ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ငွေအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကျပ် ၄၅၅ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနှင့် နီပေါနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ဆိုင်ရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ ကျိုင်းတုံ၊ မိုင်းတုံနှင့် တွန်းဇံမြို့နယ်တို့၌ ဘိန်းခင်း ဧက ၆၀ကျော် ကို ဖျက်ဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ငြိမ်းချမ်း သာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းကြောင်း ယနေ့ကျရောက်သော (၉၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

အဆိုပါ သဝဏ်လွှာတွင် လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားများအကြားပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးခံယူချက် ကွဲပြားခြင်း၊ အချင်းချင်းသံသယထားခဲ့ခြင်းကြောင့် ပြည်တွင်း ပဋိပက္ခတွေ ကာလရှည် ဖြစ်ပေါ်ခဲ့ပြီး ဒီနေ့ထိ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်ရစ်ခဲ့ကြောင်း သမ္မတက ဆိုသည်။

နိုင်ငံတကာနှင့် ရင်ဘောင်တန်းဖွံ့ဖြိုးတိုးတက်လာစေရန် သမိုင်းကြောင်း သင်ခန်းစာများသင်ယူပြီး လက်တွဲကြိုးပမ်း တည်ဆောက်မှဘဲ မျိုးဆက်သစ်များအတွက် စည်းလုံးညီညွတ်ပြီး အေးချမ်းသာယာသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် ကောင်းမွန်သော အမွေအနှစ်ကို လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။"အမျိုးသားရေးစိတ်ဓာတ်အရင်းခံပြီး လွတ်လပ်ရေးအရယူနိုင်ခဲ့လို့ ဒီနေ့မှာ ပြည်ထောင်စုဖွား တမျိုးသားလုံးအနေနဲ့ အချုပ်အခြာ အာဏာပိုင်တဲ့ ပြည်ထောင်စုကြီးအတွင်း လွတ်လွတ်လပ်လပ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေကြရတာ"ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။(Xinhua)」

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျပ် သိန်း ၇၃၁၂တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို နိုဝင်ဘာ ၃၀ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ၂ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း နေအိမ်ဆောက်လုပ်ပေးခြင်းအား လာမည့် ဘဏ္ဍာနှစ်၌ လိုအပ်သော ကျေးရွာများကို ဆက်လက်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂ရက် (ဆင်ဟွာ)

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ် Nissan UD (၂၂) ဘီးယာဉ်ပေါ်တွင် တရားဝင်စာရွက်စာတမ်းများ မပြသနိုင်သော ကျပ် ၉သန်းကျော် တန်ဖိုး လူသုံးကုန်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်တွင် ငွေကျပ် ၃,၉၄၂.၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ၊ ငွေကျပ် ၅၃၇.၆ သိန်း တန်ဖိုးရှိ ဘိန်းဆီခဲနှင့် ငွေကျပ် ၁၇,၀၁၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၃)မိုးညှင်းမှ နိုဝင်ဘာ ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဗဟိုကော်မတီမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၁၀ ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ပေါက်မဲ ရရှိသည့် ဆုလက်မှတ်များ အပါအဝင် ဆုလက်မှတ်ပေါင်း ၁၁,၃၉၈ ဆုအား တောင်းခံခြင်း မရှိသေးသဖြင့် ယခု ဒီဇင်ဘာ ၂၈ ရက် အထိ ထုတ်ယူခြင်းမရှိပါက နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းယူမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ယနေ့ကြေညာခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက် အရ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရှိ တိုင်းဒေသကြီး ဝန်ကြီးဌာန ၂ ခုအား ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် ၉၁/၂၀၁၈ အား ထုတ်ပြန်ခဲ့သည်။