ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့အထွက် ၊လွိုင်လင်- တောင်ကြီးသွားကားလမ်း၊ ဟိုတင့် ကျေးရွာ အနီး၌ ကျပ် သိန်း ၆,၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးမိရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ ဟိုတင့်ကျေးရွာ အနီး၌ မေ ၁၉ရက်တွင် သာစည်မြို့နယ်နေ တင်မင်းထွန်း မောင်းနှင်လာသည့် SUBARU SAMBAR PICKUP မော်တော်ယာဉ်အားရှာဖွေရာ မော်တော်ယာဉ်၏နောက်ကြမ်းခင်း အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၆ ဒသမ ၈ သိန်း၊ငွေ ၂၂၀,၀၀၀ ကျပ် နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ယင်းတရားခံအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းဘေး ဝဲ-ယာ၌ ကျူးကျော်ဆောက်လုပ်နေထိုင်သော လူနေဈေးဆိုင်(၅၁)ဆိုင်ရှိသည့်အနက် (၂၉)ဆိုင်မှာ ရှင်းလင်းဖယ်ရှားပြီးဖြစ်ကာ ကျန်(၂၂)ဆိုင်အား အမြန်လမ်းမကြီး၊ လမ်းဦးစီးဌာနမှ ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ ၏ မြောက်-အရှေ့မြောက်ဘက် (၁၀)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၁.၂၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာ စကေး(၃.၃)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြနသည်။

ရန်ကုန်၊မေ ၁၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ တတိယအကြိမ် ပူးတွဲ လုပ်ငန်း အဖွဲ့အစည်းကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

နေပြည်တော်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ဥပဒေကြမ်း သုံးခု၊ ပြည်ထောင်စုအဆင့် အဖွဲ့ဝင် ခန့်အပ်ခြင်း နှစ်ခုတို့ကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုနှုန်းးထားကို နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း နှစ်ဆမှ ငါးဆအထိ တိုးမြှင့်နိုင်ခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက် နေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၃၀၇ ဒသမ ၂၀၇ သန်း ရှာဖွေပေးနိုင်ခဲ့ သည်ဟု ၎င်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ပြောကြားခဲ့သည်။

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ တရားမဝင်သစ်များ ဖမ်းဆီးခဲ့ရာ တန် ၄သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့၌ မေ ၁၅ရက်နေ့က ကျပ် ၁၀,၀၀၀တန်အတုများနှင့် အတူ ဖမ်းမိသော တရားခံများအား စစ်ဆေးရာတွင် ကျပ် ၁၀,၀၀၀တန်အတုနှင့် တရားခံတစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ကန့်ဘလူမြို့နယ် ကင်းတပ်-ရွှေဘို မူးဘောင်လမ်း မိုင်တိုင်(၂၇/၂၈)ကြား၌ မေ ၁၆ ရက်နေ့ နေ့လည် ၂နာရီ ၃၀မိနစ်တွင် အုတ်သယ်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။