23
Fri, Aug
523 New Articles

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် စက်လှေတစ်စီး  တိမ်းမှောက်ပြီး လူ ၃၉ ဦးပျောက်ဆုံးရာမှ ယနေ့ နံနက်ပိုင်းတွင် လူ ၄ဦး သေဆုံးလျက်ပြန်တွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂,၉၉၆ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအပြင် ဒေသတွင်း ဖွံ့ ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတါင် အာဆီယံ၏မူဘောင်များနှင့်အညီ အဖွဲ့ ဝင်နိုင်ငံများ အားလုံး နှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲ အသင့်ရှိနေသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့  ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်ရှိ NLD ပါတီရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၂၄ ရက် )နံနက်ပိုင်းတွင် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီး ရှင်းလင်းမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ အတည်ပြုပြောကြားသည်။ 

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ အချိန်တော်ကြာဖြစ်ပွားခဲ့ပြီး လက်ရှိ လုံခြုံရေးအခြေအနေသည် ယခင်ထက် ထိန်းသိမ်းနိုင်သော အနေအထားရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

လာမည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အား ရွေးကောက်ပွဲ တိကျ မှန်ကန်ပြီး လွတ်လပ်သော၊ တရားမျှတ သော ရွေးကောက်ပွဲ အဖြစ် ချောမွေ့ စွာ အောင်မြင်ရေးအတွက် မီဒီယာ ကဏ္ဍက ကျယ်ကျယ် ပြန့် ပြန့်  ကူညီဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့  ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

 

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်း အသီးသီး၌ နေရပ်စွန့်ခွာသူ ၂၂,၀၀၀ခန့်ရှိပြီး ယင်းတို့ကို အစိုးရအနေဖြင့် စိစစ်ထောက်ပံ့နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မိုးမောက်မြို့တွင် ဇူလိုင် ၁၉ ရက်က ကျပ် သိန်း ၁၅၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

၇၂ နှစ်မြောက် အာဇာနည်နေ့ ဖြစ်သည့် ယနေ့ ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ ရှိ အာဇာနည် ဗိမာန် ၊ ၀န်ကြီး များ ရုံး(ယခင် အတွင်း ၀န်ရုံး) နှင့် ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်သို့ ပြည်သူ အများအပြား လာရောက် လေ့လာ ၊ ဂါရ၀ပြုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နေပြည်တော်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

(၇၂)ကြိမ်မြောက် အာဇာနည်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီး များအား ရည်မှန်းလျက် သံဃာတော်များအား ဆွမ်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွှန့် နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်းတို့က ဦးစီး ဆောင်ရွက်ခဲ့ကြသည်။