23
Fri, Aug
522 New Articles

နေပြည်တော်၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၊ သို့ မဟုတ် ၂၀၂၀ ဇန်န၀ါရီလတွင် ကျင်းပရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ယနေ့  တစ်ရက်တာ ပြုလုပ်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟို (NRPC) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) တို့  တွေ့ ဆုံ ဆွေးနွေးပွဲ အပြီး၌ သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) 

၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ အကြား ရွေးကောက်ပွဲလွန် ကာလ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက ရန်ကုန်မြို့၊ Park Royal Hotel တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးဥပဒေ အခန်း(၄)နှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ(၃၃)တို့အရ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများသည် လိုင်စင်ယူရန်လိုအပ်သည့် ဆက်သွယ်ရေးပစ္စည်းများကို လက်ဝယ်ထားရှိရန်နှင့် အသုံးပြုရန်အတွက် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်ရယူရန် လိုအပ်ကြောင်း၊ လိုင်စင်မရှိပဲ အသုံးပြုပါက ဌာနမှ တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိရပါက ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၇)နှင့် အခြားသော တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ယနေ့ အသိပေးကြေညာချက်ထုတ်ပြန်သည်။

နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံရေးသဘောတူညီချက်မရခင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ကြားကာလမှာ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့်  ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း RCSS ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦး ဘောင်ခေးက ပြောသည်။

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ၀န်ကြီးများ ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် ငွေကျပ် ၃,၃၈၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် မဲခေါင်ဒေသ ငါးနိုင်ငံတို့ ၏ မြေယာ လုပ်ပိုင်ခွင့် ဆိုင်ရာ အကြောင်းအရာများကို လေ့လာ ဆန်းစစ်ထားသည့် “State of Land in the Mekong Region” စာအုပ် စတင် မိတ်ဆက်ပွဲကို နေပြည်တော် Grand Amara Hotel ၌ ယနေ့  ပြုလုပ်ခဲ့ရာ MRLG(Mekong Region Land Governance) Team Leader John Meadows  နှင့် အမျိုးသား လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင် ကြည်ညွန့် တို့ တက်ရောက်ပြီး အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ဝန်ဆောင်မှု ပေးသူများအတွက် လူကုန်ကူးမှုနှင့် သက်ဆိုင်သော ဖြစ်ရပ်များ စီမံဆောင်ရွက်ခြင်းနှင့် တရားစွဲဆိုရေး လုပ်ငန်းစဉ် ဆိုင်ရာ စွမ်းရည်မြင့် သင်တန်းကို နေပြည်တော် Grand Amara တွင် ယနေ့  ဖွင့်လှစ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။