E-Band လှိုင်းနှုန်းများလျှောက်ထားရယူနိုင်ကြောင်း အသိပေးကြေညာချက်ထုတ်ပြန်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအသိပေးကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန) Science & Technology

ရန်ကုန်၊ ဧပြီ ၁၀ရက် (ဆင်ဟွာ)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် E-Band (Uplink 71.125 GHz~75.875 GHz, Downlink 81.125 GHz ~ 85.875 GHz) အတွင်းရှိလှိုင်းနှုန်းများအား ITU Recommendation နှင့်အညီ 250 MHz Bandwidth ရှိသော Channel များအား (၅) နှစ်သက်တမ်းရှိသော လှိုင်းနှုန်းစဉ်အသုံးပြုခွင့်အဖြစ် သတ်မှတ် ချထားပေးသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။ 

လှိုင်းနှုန်းစဉ် အသုံးပြုခအဖြစ် Hop တစ်ခုလျှင် ကနဦးကြေး (၃၀၀,၀၀၀ ကျပ်) နှင့် နှစ်စဉ်ကြေး (၇၅၀,၀၀၀ ကျပ်) သတ်မှတ်သွားမည်ဖြစ်ပါသဖြင့် Nationwide Telecommunications License(နိုင်ငံအနှံ့ဆက်သွယ်ရေးလိုင်စင်)  ရအော်ပရေတာများနှင့် ကွန်ရက်အထောက် အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး) ရရှိထားသော အော်ပရေတာများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ လှိုင်းနှုန်းစဉ် လျှောက်ထားရယူနိုင်ပါကြောင်း အသိပေးကြေညာ ချက်ထဲတွင်ပါရှိသည်။  (Xinhua)