သူဌေးရေအားလျှပ်စစ် စီမံကိန်း ၄၇ ရာခိုင်နှုန်းကျော် ပြီးစီး

သူဌေး ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင် ရွက်နေမှု အခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ်(ဓာတ်ပုံ- MOI) Science & Technology

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် သံတွဲမြို့၏ အရှေ့ မြောက်ဘက် (၁၂)မိုင်ခန့် အကွာ သူဌေးချောင်းပေါ်တွင် တည်ဆောက်နေသော သူဌေး ရေအားလျှပ်စစ်စီမံကိန်းသည် ၄၇ ရာခိုင်နှုန်းကျော် ပြီးစီးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်းတွင် တည်ဆောက်မည့် ပင်မတမံ အမျိုးအစားမှာ ဇုန်အမျိုးအစား (ကျောက်ဖြည့်တမံ)ဖြစ်ပြီး ကန်ရေပြည့်ရေ သိုလှောင် ပမာဏမှာ ၆ ဒသမ ၉၆သိန်း ဧကပေသိုလှောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သူဌေးရေအား လျှပ်စစ်စီမံကိန်းသည် သူဌေးချောင်းပေါ်တွင် ရေလှောင် တမံတည်ဆောက်ပြီး ၁၁၁ မဂ္ဂါဝပ်ဓာတ်အား ပေးစက်ရုံ တစ်ရုံ တည်ဆောက်၍ နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန်နှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်ကာ ပို့လွှတ်ဖြန့်ဖြူး နိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)