19
Fri, Jul
558 New Articles

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မေယုတောင်ကို ဖြတ်ကျော်ဖောက်လုပ်နေ သည့် ကျောက်ပန္တု-အင်းဒင်-စေတီပြင် လမ်း အမာခံကျောက်ခင်းခြင်းလုပ်ငန်း ခြောက်မိုင်ခန့် ပြီးစီးတော့မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန လမ်း အထူးအဖွဲ့(၁၇)မှ သိရသည်။

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ရသေ့တောင်မြို့နယ်တွင် မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

 

တိကျမှန်ကန်သော မြေနေရာများရရှိရေးအတွက်ရေးဆွဲနေသော ရန်ကုန်မြေပုံကို ၂၀၁၉ ခုနှစ်အတွင်း အပြီးရေးဆွဲမည်ဖြစ်ကြောင်း  ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်းနှင့် ပတ်သက်၍ ပထမအကြိမ် ဆွေးနွေးပွဲထံမှ သိရသည်။

ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်(၃)ခုတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှု လုပ်ငန်း များကို ဧပြီလ(၁)ရက်နေ့မှ မေလအထိ ကွင်းဆင်းသုတေသနပြုလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို ထိခိုက်မှု မရှိစေရေးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံးများအား သီးခြားဓာတ်အား ခွဲရုံများတည်ဆောက်ပြီး သုံးစွဲစေမည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာ့စာတိုက်လုပ်ငန်း အနေဖြင့် နှစ်နှစ်တာကာလအတွင်း ငွေကျပ် ၁၄ ဒသမ ၆ ဘီလီယံ အရှုံးပေါ်ခဲ့ကြောင်း မြန်မာ့စာတိုက် လုပ်ငန်း မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရသိရသည်။  

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊တပင်ရွှေထီးလမ်းမကြီး ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စက်တင်ဘာလမှ အောက်တိုဘာလအတွင်းခင်းပေးရန်အစီအစဉ် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်ဦးမောင်မောင်စိုး ကပြောကြားသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ရန်ကုန်-ပြည် ကားလမ်းမကြီးအား အဆင့်မြှင့်ပြုပြင် ဆောင်ရွက်လျက် ရှိရာ ဇီးကုန်းမြို့နယ် ကျွဲခြံရွာ မက်စ် ဟိုင်းဝေးကုမ္ပဏီတိုးဂိတ်မှ သာယာ ဝတီမြို့အထိ ၅၁ မိုင် ၆ ဖာလုံလမ်းပိုင်း အား ဖေဖော်ဝါရီလမှ စတင်၍BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရထားသော မက်စ်ဟိုင်းဝေးကုမ္ပဏီက နိုင်လွန် ကတ္တရာခင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ပြ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ရန်ကုန်မြို့ပတ်ရထားလမ်းကို အပိုင်း သုံးပိုင်း ခွဲခြား၍ ယနေ့စတင် ဆောင် ရွက်နေပြီဖြစ်ကြောင်း အောက် မြန်မာပြည်မီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ရုပ်သံလိုင်းအသစ်(၅)ခုတို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ရန်ကုန်မြို့ရှိ မြန့်မာ့အသံဝင်းအတွင်း ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရသိရသည်။