24
Wed, Apr
613 New Articles

မန္တလေး၊ မတ်လ ၃၀ ရက် (ဆင်ဟွာ)

မိုးကုတ် နှစ် ၈၀၀ ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပသည့် ပထမ အကြိမ် မြန်မာ့ ကျောက်မျက်သွေး လက်စွမ်းရည် ပြိုင်ပွဲ၌ အနိုင်ရရှိသူများစာရင်းကို ယနေ့ ညနေ ၃း ၃၀ နာ၇ီတွင် ထုတ်ပြန် ကြေညာခဲ့ပြီး ၎င်းတို့အားဆုချီးမြှင့်သည့် အခမ်းအနားကို ဆက်လက် ပြုလုပ်ခဲ့သည်။

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တည်ဆောက်မှုပြီးစီးပါက တစ်နှစ်လျှင် စက်ခေါင်း ၂၀ခေါင်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း နှင့် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက် တို့အကြား ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘော တူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်း အနားကို ယမန်နေ့ ညနေ ၆ နာရီခွဲ တွင် နေပြည်တော် Horizontal Lake View Resort Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

နေပြည်တော်လေဆိပ်၌ ဘန်ကောက်လေကြောင်းလိုင်းမှ ART-72 လေယာဉ် တစ်စီး မတ်လ ၂၇ ရက် ညက ဆိုက်ရောက်အပြီး တွင် စက်ချို့ယွင်း၍ ညအိပ်ရပ်နား မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

 

ရန်ကုန်တိုင်းဒေသကြီး သီလဝါ အထူးစီးပွားရေးဇုန် သီလဝါဆိပ်ကမ်း တွင် အထွေထွေ ကုန်စည်သင်္ဘောနှင့် ကုန်သေတ္တာသင်္ဘောများ ဆိုက်ကပ် နိုင်သည့် တတိယမြောက်ဆိပ်ကမ်းကို မတ် ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်ဆိပ်ကမ်း (သီလဝါဒေသ) တွင် ဆိပ်ခံတံတားများ တည်ဆောက်ရန် မြေကွက်ရယူထားသော လုပ်ငန်းစတင်ရန် ဆောင်ရွက်ဆဲ၊ လုပ်ငန်းများ လုပ်ဆောင်နေဆဲကုမ္ပဏီများအနေဖြင့် ဆိပ်ခံတံတားများ အမြန်ဆုံးတည်ဆောက် ဖွင့်လှစ်သွားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က တိုက်တွန်းပြောကြားခဲ့သည်။

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ရခိုင် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း (NEP)အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာ ၂၁၉ ရွာတွင် ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ရေနံ ဓာတ်ငွေ့ရည် တင်သွင်းသိုလှောင် သယ်ယူ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် LPG လုပ်ငန်းရှင်များသည် မတ် ၂၁ ရက်နေ့တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောဒေသ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် တို့ကို ဆက်သွယ်ထားသည့် စိုင်းဒင်ချောင်းပေါ်၌ တည်ဆောက်ထားသည့် စိုင်းဒင် တံတား၊ ရွာဟောင်းချောင်းပေါ်၌ တည်ဆောက်ထားသည့် ရွာဟောင်းတံတား၊ ငစံပေါ် တံတားနှင့် သောင်းဒရားချောင်းပေါ်၌ တည်ဆောက်ထားသည့် သောင်း ဒရားတံတား တို့ကို မတ် ၃၁ ရက်တွင် တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပျက်စီးလျှက်ရှိနေသော လမ်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အဆင့်အလိုက် ကွန်ကရစ်လမ်းများ ခင်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။