22
Thu, Aug
523 New Articles

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ရန်ကုန်-ပြည် ကားလမ်းမကြီးအား အဆင့်မြှင့်ပြုပြင် ဆောင်ရွက်လျက် ရှိရာ ဇီးကုန်းမြို့နယ် ကျွဲခြံရွာ မက်စ် ဟိုင်းဝေးကုမ္ပဏီတိုးဂိတ်မှ သာယာ ဝတီမြို့အထိ ၅၁ မိုင် ၆ ဖာလုံလမ်းပိုင်း အား ဖေဖော်ဝါရီလမှ စတင်၍BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရထားသော မက်စ်ဟိုင်းဝေးကုမ္ပဏီက နိုင်လွန် ကတ္တရာခင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ပြ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ရန်ကုန်မြို့ပတ်ရထားလမ်းကို အပိုင်း သုံးပိုင်း ခွဲခြား၍ ယနေ့စတင် ဆောင် ရွက်နေပြီဖြစ်ကြောင်း အောက် မြန်မာပြည်မီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ရုပ်သံလိုင်းအသစ်(၅)ခုတို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ရန်ကုန်မြို့ရှိ မြန့်မာ့အသံဝင်းအတွင်း ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်၊စက်ဘာလမှ အောက်တိုဘာလ အတွင်းအရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် ဘုံမ္မာလမ်းမကြီးအား ကွန်ကရစ်ခင်းရန် လျာထားဆောင်ရွက်မည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကပြောသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

မန္တလေး- မိုးကုတ်(လက်ပန်လှ-ဖော့တော) လမ်းပိုင်းရှိမဟာ ဗျူဟာလမ်းမကြီး အရှည် ၄၄ မိုင် ၄ ဖာလုံတွင် စီမံချက်အရ ၃၅ မိုင် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီးအား ယာဉ်မတော်တဆ ဖြစ်ပွားမှုများ လျော့ပါးစေရေးအတွက် ကတ္တရာလမ်းခင်းသွားရန် စီစဉ်လျက်ရှိသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ယနေ့  ပြည်သူ့  လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

စစ်တွေနှင့်ရွှေမင်းဂံကျေးရွာတို့ကို ဆက်သွယ်ပေးမည့် ဆပ်ရိုးကျ တံတားကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်၌ ရာနှုန်းပြည့်ပြီးစီးအောင် တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

စစ်တွေနှင့်ရွှေမင်းဂံကျေးရွာတို့ကို ဆက်သွယ်ပေးမည့် ဆပ်ရိုးကျ တံတားကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်၌ ရာနှုန်းပြည့်ပြီးစီးအောင် တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင် - သပိတ်တောင်-ညောင် ချောင်း-အောင်ဇေယျ-အငူမော်လမ်း သည် ၄၆ မိုင် ၅ ဖာလုံရှိသည်။ ယခုအခါ အဆိုပါလမ်းအား ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူပြီး တာပေါင်ချဲ့ခြင်း၊ ဖြုန်း ကျောက်ခင်းခြင်း၊ တံတားများပြုပြင် တည်ဆောက်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာ အမျိုးသားလေကြောင်း (MNA) လိုင်းမှ ပဉ္စမမြောက် နိုင်ငံတကာ ခရီးစဉ်တစ်ခုအဖြစ် ထိုင်းနိုင်ငံ ဖူးခက် မြို့သို့ လာမည့် မတ် ၂၅ ရက်မှ စတင်ကာ တိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။