15
Fri, Dec
618 New Articles

မြောက်ဦးမြို့ရှိ လက်ဆည်ကန်တံခါးပေါက်အား ကျပ်သိန်း ၂၀၀ ကုန်ကျခံပြင်ဆင်

မြောက်ဦးမြို့ရှိ လက်ဆည်ကန်တံခါးပေါက်အားတွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ) Social

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ လက်ဆည်ကန်တံခါးပေါက်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်ရန်ပုံငွေကျပ် သိန်း ၂ဝဝဖြင့် ပြန်လည်ပြုပြင် နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လက်ဆည်ကန်တံခါးပေါက်သည် နှစ်စဉ်နှစ်တိုင်း ရေကျော်မှုဖြစ်ပေါ်ပြီး ရေကျော်ခြင်းမှ ကာကွယ်ရန်အတွက် ပြုပြင်နေကြောင်း သိရသည်။

 

လက်ဆည်ကန် သည် မိုးရာသီတွင် ရေလျှံကာကန် တံခါးပေါက်သည် ကျိုးပေါက် ပျက်စီးလာသည့်အတွက် ပြန်လည်ပြုပြင်ခြင်း ဖြစ်ကြောင်း၊ ပြုပြင်နေသည့် ကန်သည် မြောက်ဦး တစ်မြို့ လုံးကို သောက်သုံးရေ ဖြန့်ဝေပေးနေသည့် ကန်တစ်ခုလည်းဖြစ်ပြီး ရှေးခေတ် ရခိုင်ဘုရင်များလက်ထက်က တူးဖော်ဆည်ဖို့ခဲ့သည့် ကန်ဖြစ် ကြောင်း သိရသည်။(Xinhua)