23
Sun, Sep
677 New Articles

မြဝတီ၊ ကြာအင်းဆိပ်ကြီးနှင့် ကော့သောင်းမြို့တို့၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၈၆ ဦး ပြန်လည် ရောက်ရှိ

ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းလုပ်သားတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန) Social

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

မြဝတီ၊ ကြာအင်းဆိပ်ကြီးနှင့် ကော့သောင်းမြို့တို့၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၈၆ ဦး ပြန်လည် ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။ 

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ၀၉း၀၀နာရီ အချိန် မှ ၁၈း၀၀ နာရီ အချိန်ထိ မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်း အလုပ် သမား ၁၃၄ ဦး(ကျား ၇၇၊ မ ၅၇)၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရား သုံးဆူမြို့ (၁)ရပ်ကွက်ရှိ သွပ်ပြားပေါက် (ဒေသအခေါ်)မှ ၂၂ ဦး(ကျား ၁၆၊ မ ၆)၊ ကော့သောင်းမြို့ နယ်စပ်ဂိတ်မှ ၃၀ ဦး(ကျား ၂၄၊ မ ၆)၊ ပေါင်း ၁၈၆ ဦး(ကျား ၁၁၇၊ မ ၆၉)တို့ ရောက်ရှိခဲ့ကြောင်း သိရသည်။  (Xinhua)